Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ (၁၅)ရက်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်၂ဝ၁၈ခုနှစ်၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲကို ယနေ့နံနက် (၇းဝဝ) နာရီ အချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များ၊ အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ပြေးခုန်ပစ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အမျိုးသမီးမီတာ(၅ဝဝဝ) အပြေးပြိုင်ပွဲတွင် Pham Thi HUE (ဗီယက်နမ်)မှ ပထမ၊ ယဉ်ငြိမ်းအေး(မြန်မာ)မှ ဒုတိယ၊ ဠနညနျျေ ူနန ့ငညါ ( စင်ကာပူ)မှ တတိယ ရရှိခဲ့ပါသည်။
မြို့တော်ဂေါက်ကွင်းတွင် အမျိုးသား/အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ရာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် (၃)ရက်ပေါင်း ရိုက်ချက် (၂၂ဝ)ဖြင့်ဧကရီဝင်းထွန်း(မြန်မာ)နှင့် KOTCHAKORN JITTA SIRI (ထိုင်း)တို့မှ အဆင့်(၁)နေရာတွင် ပူးတွဲရပ်တည်နေ၍ လည်းကောင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် လှိုင်မင်းထက်(မြန်မာ)မှ ရိုက်ချက်(၂၁၅)ဖြင့် အဆင့်(၂)နေရာတွင်လည်းကောင်း၊ အမျိုးသား အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲများတွင် မြန်မာမှ တတိယနေရာဖြင့် ဆက်လက်ယှဉ်ပြိုင်လျက်ရှိပါသည်။
ငလိုက်ဆည်တွင် လှေလှော်ပြိုင်ပွဲကျင်းပရာ အပြည်ပြည်ဆိုင်ရာလှေ
အမျိုးသား (၄)တက်လှော် မီတာ၁ဝဝဝ ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းမှ ပထမ၊ ထိုင်းအသင်းမှ ဒုတိယ၊ မြန်မာအသင်းမှ တတိယကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလှေ အမျိုးသမီး (၈)တက်လှော် ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ မြန်မာအသင်းမှ ဒုတိယကိုလည်းကောင်း၊ အမျိုးသား/အမျိုးသမီး မီတာ(၁ဝဝဝ)၁ဝတက်လှော်ရိုးရာလှေပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ မြန်မာအသင်းမှ ဒုတိယ၊ စင်ကာပူအသင်းမှ တတိယကိုလည်းကောင်း ရရှိခဲ့ပြီး ပြိုင်ပွဲများအပြီးဆုပေးပွဲကို ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ မြားပစ်ပြိုင်ပွဲ၊ ဘက်စကတ််ဘောပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ များကို သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံ အသီးသီးတို့တွင် ဆက်လက် ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရှိရပါသည်။
ပီတန်းအားကစားကွင်းတွင် အမျိုးသား/အမျိုးသမီး တစ်ဦးချင်း Shooting ပြိုင်ပွဲများ ယှဉ်ပြိုင်ရာ အမျိုးသမီး တစ်ဦးချင်း
Shooting
ပြိုင်ပွဲတွင် မြန်မာမှ ယဉ်ယဉ်ဝင်းရှိန်က မလေးရှားအားကစားသမားကို (၃၅)မှတ်(၂၇)မှတ်ဖြင့် ဆီမီးဖိုင်နယ်တွင် အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်ပွဲသို့ တက်ရောက်၍ ဆက်လက်ယှဉ်ပြိုင်ရာ လာအိုမှ မြန်မာကို (၃၄)မှတ်(၁၆)မှတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမ Bouilak Thepphakan(လာအို)၊ ဒုတိယ ယဉ်ယဉ်ဝင်းရှိန်( မြန်မာ)၊ တတိယ Sunitra Phaualgyoo (ထိုင်း)တို့အား နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် တာဝန်ရှိသူများမှ ဆုများပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ပိုက်ကျော်ခြင်းအားကစားရုံတွင် အမျိုးသား(၂)ယောက်တွဲ(Regu) ပြိုင်ပွဲကို ယှဉ်ပြိုင်ရာ မြန်မာအသင်းမှ လာအိုအသင်းကို (၂)ပွဲ(၁)ပွဲဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမ မြန်မာအသင်း၊ ဒုတိယ လာအိုအသင်း၊ တတိယ ထိုင်းအသင်းတို့အား
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယနေ့ညနေပိုင်းအထိပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၁၁)ခု၊ ငွေတံဆိပ်(၁၄)ခု၊ ကြေးတံဆိပ်(၁၆)ခု ဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိပါသည်။
9 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display