skip to content

လွိုင်ကော် ဒီဇင်ဘာ(၁၆)
 
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးရွာများပြိုင်တူဖွံ့ဖြိုးတိုးတက်စေရန် ကယားပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ကြီးကြပ်မှုဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများကျင်းပခြင်း၊ အားကစားပြိုင်ပွဲများကျင်းပပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိရာ (၁၆.၁၂.၂၀၁၈)ရက်နေ့ နံနက်(၅:၀၀)နာရီတွင် မယ်စဲ့မြို့နယ်၊ ဒီမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်၊ နံနက်(၅:၃၀)အချိန်တွင် ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဘော်လခဲမြို့နယ်များ လူထုစုပေါင်းလမ်းလျှောက်ပွဲကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါလမ်းလျှောက်ပွဲသို့ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ၊ ကျောင်းသူ/ကျောင်းသားများ ပါဝင်ဆင်နွဲလမ်းလျောက်ခဲ့ကြပါသည်။ 
 
    
 
ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အတွဲအမှတ်(၁)နှင့်(၂)၊ ဇွန်ဘာအားကစားလေ့ကျင့်ခြင်းများ စုပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။
 
 

back to top Eng