Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၄)ခုထပ်မံရရှိ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်ဆုချီးမြှင့်
နေပြည်တော်၊ ဒီဇင်ဘာ (၁၈)ရက်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ယနေ့နံနက် (၈:ဝဝ) နာရီ အချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များ၊ အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
ရှေးဦးစွာ ပီတန်းအားကစားကွင်း၌ ကျင်းပပြုလုပ်သော အမျိုးသား+အမျိုးသမီ းTriples ပီတန်းဆီးမီးဖိုင်နယ်ပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ လာအိုအသင်း နှင့် ကမေ္ဘာဒီးယားအသင်း ယှဉ်ပြိုင်နေမှုကို ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများမှ ကြည်ရှု့အားပေးခဲ့ပါသည်။
ပိုက်ကျော်ခြင်းအားကစားရုံတွင် အမျိုးသားလေးယောက်တွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ထိုင်းအသင်းမှ ပထမ၊ အင်ဒိုနီးရှားအသင်းမှ ဒုတိယနှင့် မြန်မာအသင်းမှ တတိယကိုလည်းကောင်း ရရှိခဲ့ပြီး အဆိုပါဆုများကို တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ကရာတေးအားကစားရုံတွင် ကရာတေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီးအသင်းလိုက် ကုမိတဲ့ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ ဗီယက်နမ်အသင်းမှ ဒုတိယ၊ မြန်မာအသင်း နှင့်မလေးရှား အသင်းမှ ပူးတွဲတတိယကိုလည်းကောင်း ရရှိခဲ့ပြီး အဆိုပါဆုများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဗိုဗီနမ်အားကစားရုံတွင် ဗိုဗီနမ်အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသားတစ်ကိုယ်တော် ဓါးတစ်လက် အပြပြိုင်ပွဲတွင် အင်ဒိုနီးရှားမှ ပထမ၊ ကျော်သူစိုးအောင် (မြန်မာ)မှ ဒုတိယနှင့် ကမေ္ဘာဒီးယားမှ တတိယကိုလည်းကောင်း၊ အမျိုးသား(၅၄)ကီလိုတန်းအတိုက်ပြိုင်ပွဲတွင် ကမေ္ဘာဒီးယားမှ ပထမနှင့် ဝိုင်းချစ်(မြန်မာ)မှ ဒုတိယကိုလည်းကောင်း၊ အမျိုးသား+အမျိုးသမီးအသင်းလိုက် လေးယောက် တွဲပြိုင်ပွဲတွင် လာအိုမှ ပထမ၊ ကမေ္ဘာဒီးယားမှ ဒုတိယနှင့် မြန်မာမှ တတိယကိုလည်းကောင်း၊ အမျိုးသမီး နှစ်ယောက်တွဲအတိုက် အပြပြိုင်ပွဲတွင် ဗီယက်နမ်မှ ပထမ၊ ကမ္ဘောဒီးယားနှင့် လာအိုမှ ပူးတွဲ ဒုတိယ၊ မြန်မာမှ တတိယ ကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး အဆိုပါဆုများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
စစ်တုရင်အားကစားရုံတွင် စစ်တုရင်ပြိုင်ပွဲများကိုယှဉ်ပြိုင်ရာ အမျိုးသမီးစစ်တုရင်ပြိုင်ပွဲတွင် မလေးရှားအသင်းမှ ပထမ၊ မြန်မာအသင်းမှ ဒုတိယနှင့် အင်ဒိုနီးရှားအသင်းမှ တတိယကိုရရှိခဲ့ပြီး အဆိုပါဆုများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲအဖြစ် မလေးရှားအသင်းနှင့် လာအိုအသင်းတို့ယှဉ်ပြိုင်ကစားကြရာ မိနစ်(၉ဝ)တွင် သရေကျနေသောကြောင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် မလေးရှားအသင်းမှ လာအိုအသင်းကို(၅)ဂိုး(၃)ဂိုးဖြင့် လည်းကောင်း၊ ညနေ(၃)နာရီခွဲအချိန်တွင် ဗိုလ်လုပွဲအဖြစ် ထိုင်းအသင်းနှင့် မြန်မာအသင်းတို့ယှဉ်ပြိုင်ရာ ထိုင်းအသင်းမှ မြန်မာအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ တတိယဆုရရှိခဲ့သော မလေးရှားအသင်းအား နေပြည်တောင်ကောင်စီဝင် ဦးတင်ထွန်းမှလည်းကောင်း၊ ဒုတိယဆု ရရှိခဲ့သောမြန်မာအသင်းအား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း၊ ပထမဆု ရရှိခဲ့သော ထိုင်းအသင်းအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယနေ့အထိပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၂၄)ခု၊ ငွေတံဆိပ်(၂၆)ခု၊ ကြေးတံဆိပ်(၂၉)ခု ဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိပါသည်။
6 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display