skip to content


 

ပုလော ဒီဇင်ဘာ ၂၃။

(၇၁) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုလောမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးတို့ ပူးပေါင်ကျင်းပသည့် အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၇) နာရီခွဲက ပုလောမြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ လူငယ်မောင်မယ်များ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်နှင့် အားကစားကို စိတ်ပါ၀င်စားကာ မြို့နယ်အတွက် အားထားရမည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးဟန်ကြည်က ပြောကြားခဲ့သည်။

 


back to top Eng