ရန်ကုန် ဒီဇင်ဘာ ၂၃။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂ဝ၁၉ ခုနှစ် ဧပြီတွင် ယှဉ်ပြိုင်ရမည့် အာရှယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ပဏာမကစား သမား ၂၈ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်- ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ - ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ- ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုး - ထက်အိန္ဒြာ လင်း၊ သရဖီအောင်၊ ဇူးလတ်နဒီ၊ သော်သော်နိုင်၊ နောက်တန်း-အိအိကျော်၊ နှင်းမြသဇင်၊ ကြည်ပြာလင်း၊ လင်းမြင့်မိုရ်၊ မိုးမမစိုး၊ နန့်ဇူဇူထက်၊ နော်ထက်ထက် ဝေ၊ သဇင်အောင်၊ သဲအိမိုး၊ ဇင်ယော်ခင်၊ ဇွန်ယုယဦး၊ အလယ်တန်း- အေးအေး ထွေး၊ ဘွဲ့လျန်ကိန်း၊ မေဖူးကို၊ မိုးမိုးသန်း၊ နန်းဟွမ်လှိုင်၊ သ်တာဝင်း၊ ဝင်းစန်ဒာထွန်း၊ ရှေ့တန်း- အေးမြတ်ခိုင်၊ နော်အိမွေဖော၊ အိစန်ဒာဇော်၊ လင်းလဲ့ဦး၊ နွယ်နီဝင်း၊ စန်းသော်သော်တို့ ပါဝင်ကြသည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် အာရှယူ-၁၉ ခြေစစ်ပွဲပထမအဆင့်ကို အောက်တိုဘာလက ယှဉ်ပြိုင်ခဲ့ပြီး တစ်လကျော်နီးပါး လေ့ကျင့်မှုရပ်နားကာ ဒီဇင်ဘာ ၂၄ ရက် (ယနေ့)တွင် လေ့ကျင့် မှုစတင်ပြုလုပ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပထမအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမား အများစုဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ကစားသမားသစ်အချို့ပြန်လည် ပါဝင်လာသည်။ မြန်မာယူ-၁၉ အမျိုး သမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ဆက်လက် ကိုင်တွယ်မည်ဖြစ်ပြီး ၂ဝ၁၉ အာရှ ယူ-၁၉ ခြေစစ်ပွဲအောင်မြင်ရန် အချိန်ယူပြင်ဆင် မည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းသည် ဖေဖော်ဝါရီမှစ၍ ခြေစမ်းပွဲ စတင်ကစားမည်ဖြစ်ပြီး ပြည်ပလေ့ကျင့် ရေးခရီးစဉ်နှင့် နိုင်ငံတကာခြေစမ်းပွဲများ ကစားခွင့်ရရန်လည်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်း ယှဉ်ပြိုင်မည့် အာရှယူ-၁၉ ခြေစစ်ပွဲ ဒုတိယအဆင့်တွင် ပထမအဆင့်မှ တက်ရောက်လာသည့် တောင်ကိုရီးယား၊ သြစတြေးလျ၊ ဗီယက်နမ်၊ ဥဇဘက် ကစ်စတန်၊ မြန်မာ၊ အီရန်၊ လက်ဘနွန်၊ နီပေါအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပထမအဆင့်မှတက်လာသည့် ရှစ်သင်း ကို လေးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည် ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။