ရန်ကုန်၊ သြဂုတ်လ(၂၁)ရက်။
(၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ များ၏ ဝူရှူးအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းနှင့်ညနေပိုင်းများ၌ မလေးရှားနိုင်ငံ KLCC Hall-5 ၌ ကျင်းပရာ အမျိုးသား တစ်ဦးချင်း (နန်းသောင်းနှင့် နန်းကွန့်) (၂)မျိုးပေါင်းပြိုင်ပွဲများကို ကျင်းပရာ အဆိုပါပြိုင်ပွဲတွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရူနိုင်း၊ မြန်မာ၊ဗီယက်နမ်၊ မလေးရှား နိုင်ငံများက ယှဉ်ပြိုင်ကြရာ မြန်မာနိုင်ငံမှ သိန်းသန်းဦး က ပြိုင်ပွဲ (၂)ရက်ပေါင်း (နန်းသောင်း နှင့်နန်းကွန့်)(၂)မျိုးပေါင်းရမှတ် (၁၉.၃၄) မှတ်ဖြင့်ပထမရွှေတံဆိပ်ဆုကို ရရှိပြီး အမိမြန်မာနိုင်ငံ အတွက် တတိယမြောက်ရွှေတံဆိပ်လည်းဖြစ်ပါသည်။ ဒုတိယဆုကိုတော့ ရမှတ် (၁၉.၃၂) မှတ်ဖြင့် ဗီယက်နမ်နိုင်ငံမှ ရရှိပြီး တတိယဆုကိုတော့ ရမှတ်(၁၉.၃ဝ) မှတ်ဖြင့် မလေးရှားနိုင်ငံမှရရှိသွားပါသည်။
အလားတူအမျိုးသမီး (ချန်းစု (ခေါ်) လှံရှည်) ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ စန္ဒီဦး က (တတိယ)ကြေးတံဆိပ်(၁)ခုကိုလည်း ထပ်မံရရှိခဲ့ပြီး ၄င်းပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေးတို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။