skip to content
 
 
ကော့သောင်း ဒီဇင်ဘာလ (၂၆)
 
နိုင်ငံတော်အတွက် ထူးချွန်သည့် ဘောလုံးသမားကောင်းများ ထွက်ပေါ်လာရေးနှင့် မျိုးဆက်သစ် လူငယ် အားကစားသမားကောင်းများ ပေါ်ထွက်လာရေး ရည်ရွယ်ကာ ကော့သောင်း ဘောလုံးအဖွဲ့ချုပ်နှင့် ကော့သောင်းတပ်နယ်တို့ ပူးပေါင်းကျင်းပသည့် ကော့သောင်းမြို့နယ် တပ်နယ်မှူးဖလား ကလပ်ပေါင်းစုံ အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား အား ယမန်နေ့ ညနေပိုင်းက၊ ကော့သောင်း တပ်နယ် ဘောလုံး အားကစားကွင်း၌ ကျင်းပရာ ကော့သောင်း တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကော့သောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများမှ ပြိုင်ပွဲဝင် ဘောလုံးအသင်းများ၊ အားကစား ဝါသနာရှင် ပြည်သူများ တက်ရောက် ကြည့်ရှုအားပေးသည်။
 
 
 
အဆိုပါ ပြိုင်ပွဲအား ကော့သောင်း တပ်နယ်များမှ ဘောလုံး အသင်းများ၊ ရပ်ကွက်များမှ ဘောလုံးအသင်းများနှင့် ကျေးရွာအုပ်စုများမှ အသင်းများ စုစုပေါင်း ဘောလုံးအသင်း (၂၁) သင်းဖြင့် အုပ်စု (၅) စု ခွဲကာ နိုဝင်ဘာလ ၂၅ ရက်နေ့က စတင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ယမန်နေ့ ညနေ ဗိုလ်လုပွဲ ပွဲစဉျအဖြစ် Danger FC ဘောလုံးအသင်းနှင့် ပိတောက်ရွှေဝါရပ်ကွက် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Danger FC ဘောလုံး အသင်းက ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်ဆွဲခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းနှင့် အကောင်းဆုံး ဂိုးသမားဆု ရရှိသူများနှင့် အသန့်ရှင်းဆုံး ဆုရရှိသည့် အသင်းများအား တယ်နယ် တာဝန်ရှိသူများ၊ ကော့သောင်း မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ကော့သောင်း ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
 
ကျော်စိုး (ကော့သောင်း)

back to top Eng