skip to content
 
မန္တလေး ဇန်နဝါရီ (၁)
 
မန္တလေးခရိုင် အောင်မြေသာစံမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနက ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာအားကစားလ ရပ်ကွက်ပေါင်းစုံမြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှႇင့်ပွဲကို ယမန်နေ့က အောင်မြေမန္တလာအားကစားခန်းမ၌ ကျင်းပသည်။
 
ဗိုလ်လုပွဲအပြီးဆုချီးမြှင့်ပွဲကို ကျင်းပရာ (၆၁-၆၅) ကီလိုတန်းပြိုင်ပွဲတွင် အောင်သက်ဖြိုးက ပထမ၊ သန့်စင်ဝင်းက ဒုတိယနှင့် ဇော်ထွန်းဦးက တတိယရရှိကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ဆုတံဆိပ်နှင့်ဆုငွေများ ပေးအပ်ချီးမြှႇင့်သည်။
 
ဆက်လက်၍ သက်ကြီးတန်း(၅၇-၆၁)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရ မောင်ဝေယံ၊ ဒုတိယဆုရ ဖြိုးမင်းပိုင်နှင့် တတိယဆုရ အောင်ဇော်မိုး၊ (၄ဝ-၄၃) ကီလိုတန်းပြိုင်ပွဲ တွင် ပြည့်ဖြိုးအောင်က ပထမ၊ ညီရဲထက်က ဒုတိယနှင့် ပိုင်သူကိုက တတိယရရှိကြရာ မြန်မာ့သိုင်းဆပ်ကော်မတီနာယက ဦးတင်ဖေနှင့် ဥက္ကဌ ဦးမောင်မောင်တို့က ဆုတံဆိပ် နှင့်ဆုငွေများ၊ ဆုဖလားများပေးအပ်ချီးမြှႇင့်ကြပြီး (၄၄-၄၇) ကီလိုတန်းပြိုင်ပွဲတွင် ကောင်းသန့်မင်းက ပထမ၊ စိုင်းပီးခမ်းက ဒုတိယနှင့် လင်းလက်ခိုင်က တတိယ၊ အထူးပွဲ ပြိုင်ပွဲတွင် ပထမဆုရ သီဟၫွန့်၊ ပိုင်ဇင်ကျော်နှင့် ဂျူးဂျူးမောင်၊ ဒုတိယဆုရ သီရိကျော် နှင့် ဇူးဇူးစံတို့အား မြို့နယ်အားကစားအရာရှိ ဒေါ်စန်းစန်းအေးက ဆုများပေးအပ်ချီးမြှႇင့်ခဲ့ကြောင်း သိရသည်။
 
တင်မောင်(မန်းကိုယ်ပွား)

back to top Eng