skip to content
 
ရန်ကုန်၊ နိုဝင်ဘာလ(  ၈ )ရက်။
 
၂ဝ၁၇ခုနှစ်၊ (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၉)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ် ဆောင်ခဲ့သည့် အမျိုးသမီးအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးသဃင်္န်းကျွန်းမြို့နယ်အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ကျင်းပရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များပြန်လည်ဖွဲ့စည်းရေး အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဦးအောင်ဒင်နှင့်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၏ဇနီးဒေါ်နန်းအေးခိုင်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၏ဇနီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် ရန်ကုန်တို်င်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နာယကဒေါ်ရွှေစင်၊ ဒုတိယဥက္ကဌဒေါ်ရီရီဝင်း၊ ဒုတိယဥက္ကဌဒေါ်ချိုချိုလွင်နှင့် အမှုဆောင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အလှူရှင်များ၊ ဆုရအမျိုးသမီးအားကစားသမားများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌဒေါ်ရီရီဝင်းက အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဇနီးဒေါ်နန်းအေးခိုင် က ဝူရှူးအားကစားနည်း (ချမ်းချွမ်)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော မြတ်သက်စုဝေဖြိုအား ဂုဏ်ပြုဆုငွေကျပ်(၄)သိန်း၊ သေနတ်ပစ်အားကစားနည်း(၁ဝ) မီတာလေပစ္စတိုပြိုင်ပွဲတွင်ရွှေတံဆိပ်ဆုရ မေပိုးဝါအား ဂုဏ်ပြုဆုငွေကျပ်(၄)သိန်းတို့အား ပေးအပ်၍လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယက ဒေါ်ရွှေစင်က အမျိုးသမီးပိုက်ကျော်ခြင်းအသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော အားကစားသမား (၆)ဦးအား ဂုဏ်ပြုဆုငွေကျပ်(၁၈)သိန်းပေးအပ်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယñွှန်ကြားရေးမှူးချုပ်၏ဇနီး ဒေါ်သက်မြတ်စိုး က ဝူရှူး(နန်းချွမ်)နှင့်(ချမ်းချွမ်) ပြိုင်ပွဲတွင်ငွေတံဆိပ်ဆုရရှိခဲ့ကြသော အေးသစ္စာမြင့်နှင့်စန္ဒီဦးတို့အား ဂုဏ်ပြုဆုငွေကျပ်(၂)သိန်း စီကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ñွှန်ကြားရေးမှူးချုပ် ၏ဇနီး ဒေါ်ခင်မျိုးနွယ် က ငွေတံဆိပ်ဆုရရှိခဲ့ကြသောဂျူဒို(၇၈) ကီလိုတန်း ပြိုင်ပွဲမှ အေးအေးအောင်နှင့် MixetTeam Compound မြားပစ်ပြိုင်ပွဲမှ အောင်ငှိမ်း တို့အား ဂုဏ်ပြုဆုငွေကျပ်(၂)သိန်းစီကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌဒေါ်ချိုချိုလွင်ကကြေးတံဆိပ်ဆုရရှိခဲ့ကြသော ဝူရှူး (ကျန်းစု)ပြိုင်ပွဲမှ စန္ဒီဦးနှင့် ကရာတေးဒို(ကုမိတဲ့)(၆၁)ကီလိုတန်းတွင်မေသူချို တို့အား ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းစီကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊  မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ်ဒုတိယဥက္ကြဒေါ်ရီရီဝင်းက တိုက်ကွမ်ဒိုပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိသော သက်မြတ်နိုဝေ၊ ဒေစီဦးဂျူလိယက် နှင့် အမျိုးသမီးဖူဆယ်ဘောလုံးအသင်းတို့အား ဂုဏ်ပြုဆုငွေကျပ် (၁)သိန်းစီကို ပေးအပ် ချီးမြှင့်၍လည်းကောင်း၊ လေးကျွန်းသူဖောင်ဒေးရှင်ဥက္ကြဒေါက်တာမြသီတာ က  ပြေးခုန်ပစ်မီတာ(၈ဝဝ) ပြိုင်ပွဲတွင်ကြေးတံဆိပ် ရရှိခဲ့သော ရွှေလီမြင့်အားဂုဏ်ပြုဆုငွေကျပ်(၁)သိန်း နှင့်အမျိုးသမီးပိုက်ကျော်ခြင်း အသင်းလိုက်ပြိုင်ပွဲ(၃)ဦးအားဂုဏ်ပြုဆုငွေကျပ်(၃)သိန်း အားပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်အေးအေးရွှေ က ကြေးတံဆိပ်ဆု ရရှိခဲ့သော ကရာတေးဒိုအသင်းလိုက်ပြိုင်ပွဲဝင်(၄)ဦးတို့အား ဂုဏ်ပြုဆုငွေကျပ်(၄)သိန်းနှင့် ကြေးတံဆိပ်ဆုရရှိခဲ့သောအမျိုးသမီးဘောလုံးအသင်း(၂ဝ)ဦးအား ဂုဏ်ပြုဆုငွေကျပ်(၂ဝ)သိန်းတို့အားပေးအပ်ချီးမြှင့်၍လည်းကောင်း၊ (၉)ကြိမ်မြောက်အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် သံလုံးပစ်၊ သံပြားပစ်၊ မီတာ(၄ဝဝ)၊ မီတာ(၂ဝဝ)ပြေးခုန်ပစ်၊ အလေးမ၊ စစ်တုရင်တစ်ဦးချင်း၊ အနှေးရွှေ့အသင်းလိုက်၊ အမြန်ရွှေ့အသင်းလိုက်ပြိုင်ပွဲ တို့တွင် ငွေတံဆိပ် နှင့်ကြေးတံဆိပ်ရရှိခဲ့ကြသော မသန်စွမ်းအားကစားသမားများအား မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဒေါ်ဖြူဖြူစိမ်း၊ ဒေါက်တာဖြူစင်ခိုင်၊ ဒေါက်တာစန်းစန်းဝင်း၊ ဒေါက်တာသန်းမြတ်စိုးတို့က ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
 
ဆက်လက်၍ ဆုရအားကစားသမားများကိုယ်စား ဝူရှူးပြိုင်ပွဲတွင် ရွှေတံဆိ်ပ်ဆု ရရှိခဲ့သော မြတ်သက်စုဝေဖြိုး က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
 
ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်သို့ ဦးအောင်ဝင်း+ဒေါ်မီးမီး Great Merits Co.,Ltd မှ ငွေကျပ်(၁ဝ)သိန်း၊ ဦးရန်အောင်+ဒေါ်ရင်ရွှင် New Star Gens & Jewellery  ကုမ္ပဏီမှ ငွေကျပ်(၁ဝ)သိန်း၊ ဦးချောင်+ဒေါ်ရွှေစင် Golden Pinya Investment Co.,Ltd  မှ ငွေကျပ်(၁ဝ)သိန်း၊ ဦးခင်မောင်အေး+ဒေါ်ခင်လေး Gold Power Group of Conpanies ကုမ္ပဏီမှ ငွေကျပ်(၁ဝ)သိန်း၊ ဒေါ်ချိုချိုလွင် Dianonds Gems & Jewellery  ကုမ္ပဏီမှ ငွေကျပ်(၁ဝ)သိန်း၊ ဦးထွန်းမြင့် +ဒေါ်အေးအေးညွန့် KSS Group of Conpaniesကုမ္ပဏီမှ ငွေကျပ်(၉)သိန်း၊  ဦးကျော်ဇေယျ +ဒေါ်နန္ဒာဝေဒီ WAIDE  International Trading Co.,Ltd မှငွေကျပ်(၅)သိန်း၊ ဦးခင်အောင် +ဒေါ်လဲ့လဲ့အေး Mandalar  Minn Trading & Transtportation Co.,Ltd မှ ငွေကျပ်(၅)သိန်း၊ ဦးအောင်ချစ်ခင် + ဒေါ်ဖြူဖြူစိမ်း Cho Cho Phyu Industrial & Manufacturing Co.,Ltd  မှ ငွေကျပ်(၅)သိန်း၊ ဦးကျော်မင်းဦး+ဒေါ်ခင်မျိုးခိုင် Agro Bio Product Co.,Ltd မှငွေကျပ်(၅)သိန်း၊ ဦးကျော်ဇင်ဦး + ဒေါက်တာဖြူဇင်ခိုင် Cherry Yoma Groups Public Co.,Ltd မှ ငွေကျပ်(၅)သိန်း၊ ဒေါက်တာဇော်မိုးခိုင် + ဒေါက်တာစောနေနွယ် AA Medical Products Ltd မှ ငွေကျပ်(၅)သိန်း၊ ဦးသိန်းကျင် + ဒေါက်တာစန်းစန်းဝင်း Kan Tun Thit Co.,Ltd  မှငွေကျပ်(၅)သိန်း၊ ဦးဇော်နိုင်သိန်း +ဒေါက်တာသဲမြတ်စိုး Supreme Group  မှ ငွေကျပ်(၅)သိန်း၊ ဦးသန့်စင်+ဒေါ်အေးအေးငြိမ်းအောင် 999 Construction Material Great Diamond Gems & Jewellery မှ ငွေကျပ်(၅)သိန်း၊ ရန်ကုန်တိုင်း အမျိုးသမီးအားကစားဆပ်ကော်မတီမှ ငွေကျပ်(၅)သိန်း၊ ဒေါ်အေးအေးရွှေ Gold Great Galxy Co.,Ltd  မှငွေကျပ်(၃)သိန်း၊ ဒေါ်မေဟန်နီအေး Dianond Tree Co.,Ltd  မှ ငွေကျပ်(၃)သိန်း ၊ AUNTY DORIS  (77 Cake) မှ (၅)သိန်းတန်ဖိုးရှိလက်ဆောင်များ၊ ဒေါ်ဖြူဖြူစိမ်း (SPIKE COLLECTION) မှ (၆)သိန်း(၂)သောင်းတန်ဖိုးရှိ လက်ဆောင်များ၊ ဒေါက်တာစန်းစန်းဝင်း (၄)သိန်း(၂)သောင်း တန်ဖိုးရှိ ကြက်ပေါင်းရည်ပုလင်းများပေးအပ်ရာ မြန်မာနို်င်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယ ဥက္ကြဒေါ်ရီရီဝင်းနှင့်ဒေါ်ချိုချိုလွင် တို့က လှူဒါန်းငွေများကိုလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများကိုပြန်လည်ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယက ဒေါ်ရွှေစင်မှလည်း မသန်စွမ်းအားကစားသမားများအား တစ်ဦးလျင် အမေရိကန်ဒေါ်လာ တစ်ရာ စီ(၁ဝ)ဦးအား ပေးအပ်ချီးမြ§င့်ခဲ့ရာ အားကစားသမားများအားပေးအပ်ချီးမြ§င့်ငွေစုစုပေါင်း တန်ဖိုးငွေကျပ် (၁ဝ၆)သိန်း (၄)သောင်းနှင့်စေတနာရှင်အလှူရှင်များထံမှ လှူဒါန်းရရှိငွေစုစုပေါင်း (၁၁၅)သိန်းဖြစ်ပြီး  နံနက်စာဖြင့်တည်းခင်းဧည့်ခံ၍ စုပေါင်းအမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ခဲ့ကြောင်း သတင်းရရှိသည်။
 

back to top Eng