skip to content

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ဒီဇင်ဘာလူထုအားကစားလ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း မိုးလုံ၊ လေလုံခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ဆုများချီးမြှင့်

ကာယဗလမောင်တွင် ၅၅ ကီလိုတန်း ကောင်းစည်သူ၊ ၆၀ ကီလိုတန်း ထွန်းမင်းနိုင်၊ ၆၅ ကီလိုတန်း အောင်ထွဋ်၊ ၇၀ ကီလိုတန်း ထက်လင်းနိုင်နှင့် ၇၀ ကီလိုအထက်တန်းတွင် ဇော်မောင်မောင်တို့က ပထမ အသီးသီးရရှိပြီး အကောင်းဆုံး ကာယဗလမောင်ဆုကို ၇၀ ကီလိုတန်းမှ အောင်ထွဋ် က ရရှိသည်။ ပြိုင်ပွဲ၀င် ကာယဗလမောင် ၃၄ ဦး ၀င်ရောက်ယှဉ်ပြိုင် ကြသည်။ ဆုများကို အာရှရွှေတံဆိပ်ဆုရှင် ထွန်းမင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာသဇင်လွင် (ဌာနမှူး)နှင့် ဒိုင်လူကြီးအသီးသီးက ဆုများချီးမြှင့်သည်။

ကာယကြံ့ခိုင်မှုအမျိုးသမီးပြိုင်ပွဲတွင် တင်ယုမော်နှင့်၀င်းမို့မို့ဟန်တို့က ပထမဆု အသီးသီးရရှိခဲ့သည်။

Crd:ကြေးမုံသတင်းစာ

 


back to top Eng