ဇန်နဝါရီလ ၄ရက်။
(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မီနီမာရသွန်ပြိုင်ပွဲကို မြောင်းမြမြို့ ဒီးဒုတ်ဦးဘချို ရုပ်တု ရင်ပြင်ရှေ့မှ စတင်၍ တာထွက်ကာ အမျိုးသားအမျိုးသမီး (၃၀၀)ဦးခန့် ဝင်ရောက် ယှဉျပြိုင်ခဲ့ကြောင်း သိရ သည်။မီနီမာရသွန်ပြိုင်ပွဲတွင် ဆုရရှိသူများကို မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ၊ ခရိင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဝေ နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများက ဆုများပေးအပ်ချီးမြင့်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့ခရိုင် ၏ ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အတွက် အလေးမ ၊ တင်းနစ် ၊ ဂျူဒို ၊ ပြေးခုန်ပစ် ၊ မာရသွန် ၊ ရိုးရာခြင်းလုံး အပါအဝင် အားကစားနည်း (၁၃) မျိုး ကျင်းပလျှက်ရှိသည်။