skip to content

 

စစ်တွေ ဇန်နဝါရီ ၃။

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား အမျိုးသမီး မီနီမာရသွန် ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့၌ ကျင်းပရာ အမျိုးသား ၄ဝဝ နှင့် အမျိုးသမီး ၂ဝဝ စုစုပေါင်း ၆ဝဝ ခန့် ပါဝင်ယှဉ်ပြိုင်ကြသည်။ အမျိုးသား အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ဆတ်ရိုးကျတံတားထိပ်မှ စတင် တာလွှတ်ပေးပြီး စစ်တွေမြို့ နာရီစင်၊ နာရီစင်မှ ကမ်းနားလမ်းလျှောက်၊ ကမ်းနား လမ်းမှ ဝန်ကြီးများရုံး ရှေ့လမ်း၊ ဝန်ကြီးများရုံးရှေ့လမ်းမှ ဓညဝတီအားကစားကွင်း အထိ ယှဉ်ပြိုင်စေခဲ့ရာ အမျိုးသား မီနီမာရသွန်ပြိုင်ပွဲတွင် မောင်သန်းထွန်းနိုင် (မင်းပြား)က ပထမ၊ မောင်ဇော်ပိုင်(နတလ)က ဒုတိယနှင့် မောင်မြင့်လင်း(နတလ)က တတိယ ပန်းဝင်ခဲ့ကြပြီး အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် မဖြူဖြူခိုင်(စစ်တွေက) ပထမ၊ မသူဇာခင်(နတလ)က ဒုတိယနှင့် မဖြိုးအေးလှိုင်(နတလ)က တတိယ ပန်းဝင်ခဲ့ကြသည်။

ဒီနေ့ မီနီမာရသွန်ပြိုင်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူအားလုံး ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အမျိုးသား ၄ဝဝ နဲ့ အမျိုးသမီး ၂ဝဝ စုစုပေါင်း ၆ဝဝ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ဖို့၊ ပြည်သူလူထုအနေနဲ့ အားကစားလုပ်ခြင်းအားဖြင့် ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတဲ့ အသိပညာတွေ ရရှိစေဖို့၊ အားကစားကို အားပေးချီးမြေႇာက်ကြဖို့ဆိုပြီး ဒီနေ့ စစ်တွေမှာ လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် အားကစားပြိုင်ပွဲတွေ ပြုလုပ်ရခြင်းပဲဖြစ်ပါတယ်ဟု ရခိုင် ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းက ပြောသည်။

ထို့နောက် အမျိုးသား အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ဆုချီးမြႇင့်ပွဲကို ဆက်လက် ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက အမျိုးသားမီနီ မာရသွန်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မောင်သန်းထွန်းနိုင်အား ငွေကျပ် ၁ဝဝဝဝဝ ၊ ဒုတိယဆုရရှိ ခဲ့သည့် မောင်ဇော်ပိုင်အား ငွေကျပ် ၇ဝဝဝဝ နှင့် တတိယဆုရရှိခဲ့သည့် မောင်မြင့်လင်းအား ငွေကျပ် ၅ဝဝဝဝ ပေးအပ်ချီးမြႇင့်သည်။ အမျိုးသား မီနီမာရသွန်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မောင်သန်းထွန်းနိုင်က ဒီနေ့ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့လို့ ပျော်ပါ တယ်။ အရင်တုန်းကတော့ မင်းပြားမြို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဒုတိယတို့၊ တတိယတို့ရရှိခဲ့ပါတယ်။ အခု စစ်တွေမြို့ မှာ ကျင်းပတဲ့ (၇၁) နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အဖြစ် မီနီမာရ သွန်ပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပါတယ် ဟု ပြောသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် မဖြူဖြူခိုင်အား ငွေကျပ် ၁ဝဝဝဝဝ ၊ ဒုတိယဆုရရှိခဲ့သည့် မသူဇာခင်အား ငွေကျပ် ၇ဝဝဝဝ နှင့် တတိယဆုရရှိခဲ့သည့် မဖြိုးအေးလှိုင်းအား ငွေကျပ် ၅ဝဝဝဝ ပေးအပ်ချီးမြႇင့်ခဲ့ပြီး ပြိုင်ပွဲတွင် အသစ အနည ဝင်ခဲ့ကြသည့် အားကစားပြိုင်ပွဲဝင် ၂ဝအား တစ်ဦး လျှင် ငွေကျပ် ၁ဝဝဝဝ စီ ပေးအပ်ချီးမြႇင့် သည်။ ထို့ပြင် ပန်းဝင်ခဲ့ကြသည့် ပြိုင်ပွဲဝင် များကိုလည်း တစ်ဦးလျှင်ငွေကျပ် ၂ဝဝဝ စီ ပေးအပ်ခဲ့ကြောင်း သိရသည်။ ကွၽန်မက ပထမဆုရမယ်လို့ ကိုယ့်ကိုယ်ကိုယ် မမျှော်မှန်းခဲ့ပါဘူး။ နှစ်စဉ် နှစ်တိုင်း ပါဝင်ယှဉ်ပြိုင်ဖြစ်ပါတယ်။ အရင် နှစ်တွေမှာလည်း ပထမ၊ ဒုတိယဆုတွေ ရရှိခဲ့ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် မနက်ခင်းတိုင်း ကမ်းနားမှာ လမ်းလည်း လျှောက်တယ်။ ပြေးလည်း ပြေးပါတယ်ဟု အမျိုးသမီးမီနီမာရသွန်ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် သတ္တမတန်းတွင် ပညာသင်ကြားနေသော မဖြူဖြူခိုင်က ပြောသည်။

(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီနီမာရသွန်ပြိုင်ပွဲများအပြင် ပျော်ပွဲရွှင်ပွဲများအဖြစ် ဓညဝတီအားကစားကွင်း၌ ထုပ်ဆီးတိုး၊ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ချောတိုင်တက်ပွဲနှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ရာ ပြိုင်ပွဲဝင်များ၊ လာရောက်ကြည့်ရှုကြသူများဖြင့် စည်ကားလျက်ရှိသည်။ အခြားဆုကြေးများအနေဖြင့် ထုပ်ဆီးတိုးပြိုင်ပွဲတွင် ပထမဆု နှစ်သိန်း၊ ဒုတိယဆု တစ်သိန်း၊ ချောတိုင်တက်ပွဲတွင် ပထမဆု နှစ်သိန်း၊ ဒုတိယဆု တစ်သိန်း၊ ပိုက် ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆု နှစ်သိန်း၊ ဒုတိယဆု တစ်သိန်းခွဲ၊ ပိုက်ကျော်ခြင်း နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆု တစ်သိန်းခွဲ၊ ဒုတိယဆုတစ်သိန်း နှင့် လွန်ဆွဲပြိုင်ပွဲတွင် ပထမဆု နှစ်သိန်း၊ ဒုတိယဆု တစ်သိန်း ဆုကြေးငွေများ သတ်မှတ်ထားကြောင်း သိရသည်။ မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။


back to top Eng