နေပြည်တော်၊ ဇန်နဝါရီလ(၇)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြ§င့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂ဝ၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် စွမ်းရည်ပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရေး ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေနှင့် မိမိတို့ ရုံးလုပ်ငန်းဆိုင်ရာနည်းဥပဒေများ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများကို ကောင်းစွာသိရှိနားလည်စေရန်နှင့် ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင် နိုင်စေရန်အတွက် သင်တန်းဖွင့်လှစ်ခဲ့သည်မှာ ယခုအကြိမ်နဲ့ဆို(၇)ကြိမ်တိတိရှိပြီးဖြစ်ကြောင်း၊ သင်တန်းသား/သူများသည် ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များက အချိန်ကုန်၊ ငွေကုန် လူအပင်ပန်းခံပြီးဖွင့်လှစ် ပို့ချပေးသည့် သင်တန်းဖြစ်သည့်အတွက် သေချာလေ့လာသင်ယူ ကြိုးစားကြစေလိုကြောင်း၊ သင်တန်းကျရှုံးခဲ့လျှင် နောက်တစ်ကြိမ်ပြန်လည်တက်ရောက်ရမှာဖြစ်ပြီး သင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူများသည် ရာထူးတိုးစိစစ်ရွေးချယ်သည့်အခါ ဦးစားပေးအဆင့်သတ်မှတ်ခံရမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများ အနေဖြင့် သင်ကြားပို့ချသော သင်တန်းစာများကို ဂရုတစိုက် လေ့လာသင်ကြားပြီး သင်တန်းကို မပျက်မကွက် စည်းကမ်းရှိစွာ တက်ရောက်ကြစေလိုကြောင်း၊ သင်တန်းကာလ အတွင်း အခက်အခဲများကို သင်တန်းတာဝန်ခံများမှတစ်ဆင့် ပွင့်လင်းစွာတင်ပြစေလိုကြောင်း၊ သင်တန်းပြီးဆုံးလို့ မိမိတို့တာဝန်ကျဌာနခွဲ၊ ဒေသများကို ပြန်ရောက်တဲ့အခါ ပေးအပ်သောတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိကောင်းဖို့အတွက် မဟုတ်ပဲ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် စည်းလုံး ညီညွတ်စွာ မိမိတို့ဌာနတိုးတက်အောင်မြင်လာစေရေး ကြိုးစားဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာ ကြားရင်း အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သင်တန်းကို (၇.၁.၂ဝ၁၉)ရက်နေ့မှ (၁၈.၁.၂ဝ၁၉)ရက်နေ့အထိ သင်တန်းသား (၁၇)ဦး၊ သင်တန်းသူ(၆၂)ဦး စုစုပေါင်း(၇၉)ဖြင့် တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။