skip to content
ရန်ကုန်  ဇန်နဝါရီ  ၇
 
မြန်မာ ယူ-၂ဝ ဖူဆယ်အသင်း၏ အာရှ ယူ-၂ဝ ဖူဆယ်ချန်ပီယံရှစ်ခြေစစ်ပွဲကြောင့်ရပ်နားထားသော မြန်မာဖူဆယ် လိဂ်ပြိုင်ပွဲ ပွဲစဉ်(၉)ကို  ဇန်နဝါရီ  ၈ရက်မှ စတင်ကာ ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)၌  ပြန်လည်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
 
မြန်မာဖူဆယ်လိဂ်ပြိုင်ပွဲကို အသင်းပေါင်း ၁၂ သင်းဖြင့်ကျင်းပနေခြင်းဖြစ်ပြီး ပွဲစဉ်(၈)အပြီးတွင် VUC အသင်းနှင့် MIC အသင်းတို့က  ရမှတ်  ၂၄  မှတ်စီဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည်။
 
ပွဲစဉ်(၉) ကို ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီမှစတင်၍ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ကျင်းပမည်ဖြစ်ပြီး PYAY United အသင်းနှင့် Titan Xll အသင်း၊ MIC  အသင်းနှင့် VUC အသင်း၊ Comrade အသင်းနှင့် UPTအသင်း၊ AMM အသင်းနှင့် White Colour အသင်း၊ GV Athletic အသင်းနှင့် Myoma YTD  အသင်း၊ မြန်မာ ယူ-၁၉ ဖူဆယ်အသင်းနှင့် ရွှေမြဝတီအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
 
အဆိုပါ ဖူဆယ်လိဂ်ပွဲစဉ်များအတွက် ရုံဝင်ကြေးများကို တစ်ဦးလျှင် ငွေကျပ် ၅ဝဝ သတ်မှတ်ထားကြောင်းသိရသည်။
 
Crd:မြ၀တီသတင်းစာ 
 

back to top Eng