skip to content
 
 
 
 
ရန်ကုန် ဇန်နဝါရီ ၇။
 
အရှေ့အလယ်ပိုင်း ခြေစမ်းခရီးစဉ် ရောက်ရှိနေသည့် မြန်မာ ယူ-၂၂ အသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် အိုမန် ယူ-၂၂ အသင်းနှင့် ယနေ့ မြန်မာစံတော်ချိန် ၇ နာရီ ၁၅ မိနစ်က အိုမန်နိုင်ငံ မူစကက်မြို့ရှိ ဆူလ်တန်ကာ ဘော့စ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဂိုး-စိုးအာကာ၊ နောက်တန်း - ဇင်ရဲနောင်၊ ဝင်းမိုးကျော်၊ အောင်ဝဏ်ဏစိုး၊ စိုးမိုးကျော်၊ အလယ်တန်း-နန်းထိုက်ဇော်၊ မြတ်ကောင်း ခန့်၊ စိုးလွင်လွင်၊ ဟိန်းထက်အောင်၊ ရှေ့တန်း- ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်းတို့ဖြင့် ပွဲထွက်ခဲ့ပြီး နောက်ပိုင်းတွင် ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့သည်။
 
မြန်မာ ယူ-၂၂ အသင်းသည် အိုမန်အသင်းကို အဝေးကွင်း၌ အကောင်းဆုံး တုံ့ပြန်ကစား နိုင်ခဲ့ပြီ ပထမပိုင်းတွင် ဂိုးမရှိသရေကျခဲ့သည်။ အိုမန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၅၈မိနစ်တွင် အာရှက်ဒ်က သွင်းယူခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် အိုမန်နှင့် ကာတာ ခြေစမ်းခရီးစဉ် သွားရောက်နေဖြင်းဖြစ် ဇန်နဝါရီ ၁၀ရက်တွင် ကာတာ ယူ-၂၂အသင်းနှင့် ကာတာနိုင်ငံ ဒိုဟာမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအလင်းသတင်းစာမှ ကောက်နှုတ်တင်ပြသည်။

back to top Eng