skip to content
 
 
 
 
နေပြည်တော် ဇန်နဝါရီ ၇။
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြီးမှူး၍ ၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် (ယူ-၂၁)အမျိုးသားဘောလုံး ပြိုင်ပွဲများကို နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ဘောလုံးပြိုင်ပွဲများ၏ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၉ ရက် ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများကျင်းပစဉ်အတွင်း အားကစားဝါသနာရှင်များ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
 

 


back to top Eng