skip to content

ရန်ကုန်  ဇန်နဝါရီ  ၉

၂ဝ၁၉ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် လူငယ်ပြိုင်ပွဲများအတွက် အသက်စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ရာ ပထမဆုံးစစ်ဆေးမှုအဖြစ် ယူ-၂၁ လူငယ်ပြိုင်ပွဲဝင်မည့်အသင်းများအနက်  လေးသင်းကို ယနေ့တွင် စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်း၊ မကွေးအသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းများကို  ယနေ့နံနက်ပိုင်းက သုဝဏ္ဏအားကစားကွင်း၌ အသက်စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအသင်းများ၏ ယူ-၂၁ အသင်းများမှ ကစားသမားများနှင့်အုပ်ချုပ်သူ၊ နည်းပြများ လာရောက်ကြသည်။

ယူ-၂၁   လူငယ်လိဂ်ပြိုင်ပွဲအတွက် အသက်စစ်ဆေးမှုများကို ဇန်နဝါရီ ၉ ရက်တွင် ဇွဲကပင်ယူနိုက်တက်၊ MFF Youth၊ ရခိုင်ယူနိုက်တက်နှင့် ချင်းလန်းအသင်းများကိုစစ်ဆေးပြီး  ဇန်နဝါရီ   ၁ဝ  ရက်တွင် ဟံသာဝတီယူနိုက်တက်၊  စစ်ကိုင်းယူနိုက်တက်၊ ဒဂုံ၊ ရတနာပုံနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ကို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

ယူ-၁၉  လူငယ်လိဂ်အတွက်  အသက်စစ်ဆေးမှုကို ဇန်နဝါရီ ၂၆ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သုဝဏ္ဏအားကစားကွင်း၌ပြုလုပ်မည်ဖြစ်သည်။

ယူ-၂ဝ  လူငယ်လိဂ်အတွက်  အသက်စစ်ဆေးမှုနှင့် ယူ-၁၈ လူငယ်လိဂ်အတွက် အသက်စစ်ဆေးမှုများကို ဖေဖော်ဝါရီလအတွင်း  ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၃ ရက်တို့တွင် ယူ-၂ဝ ပြိုင်ပွဲအတွက် စစ်ဆေးမှုပြုလုပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်နှင့်  ၁၉ ရက် တို့တွင် ယူ-၁၈ ပြိုင်ပွဲအတွက် စစ်ဆေးမှုများပြုလုပ်မည်ဖြစ်သည်။


back to top Eng