skip to content
 
 
 
နေပြည်တော်၊ ဇန်နဝါရီလ(၁၃)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက်ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၇:၃ဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီအသင်း တို့ယှဉ်ပြိုင်ကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းအား (၆)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၁)၌ နေပြည်တော်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ နေပြည်တော်အသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းအား (၂)ဂိုး၊ (၁) ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌  မွန်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ မွန်ပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းအား(၂)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
(၁၄.၁.၂ဝ၁၉)ရက်နေ့တွင် အုပ်စုပြိုင်ပွဲများအဖြစ် နံနက်(၇:၃ဝ)အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ကချင်ပြည်နယ်အသင်းနှင့်စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊  ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁) ၌ ကယားပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း တို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်းသိရှိရပါသည်။
 

back to top Eng