နေပြည်တော်၊ ဇန်နဝါရီလ(၂၅)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့ နံနက်(၆:ဝဝ) နာရီမှစတင်ပြီး နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ပါသည်။
ယနေ့ပြိုင်ပွဲများအဖြစ် မီတာ(၁ဝဝဝဝ)အပြေး (ကျား/မ)၊ သံပြားဝိုင်းပစ်(မ)၊ တန်းမြင့်ခုန်(မ)၊ မီတာ(၁ဝဝ)တန်းကျော်ပြေး(ကျား/မ)၊ အလျားခုန်(ကျား)၊ မီတာ(၄ဝဝ) အပြေး(ကျား/မ) လှံတံပစ်(ကျား) ပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသမီး မီတာ(၁ဝဝဝဝ) ပထမ ငါးမယ်(ကယား)၊ ဒုတိယ လှိုင်လှိုင်ထွန်း(မွန်)နှင့် တတိယ ထားသဉ္ဇာအေး(စစ်ကိုင်း)တို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ကျော်ဦးမှ လည်းကောင်း၊ အမျိုးသားမီတာ (၁ဝဝဝဝ) ပြိုင်ပွဲတွင် ပထမ ဝင်းနိုင်ထွန်း(မကွေး)၊ ဒုတိယ ပန်းလေ(စစ်ကိုင်း) နှင့် တတိယ ကောင်းပြည့်စံ (မန္တလေး)တို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ခင်မှ လည်းကောင်း၊
အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမ မေဇင်သက်(မန္တလေး)၊ ဒုတိယ ရွှေလင်းကြည်(ရှမ်း) နှင့် တတိယ ဂျေမီလီအေး(ကချင်) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးလွင်မှ လည်းကောင်း၊
အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမ အေးချယ်ရီမြင့် (တနင်္သာရီ)၊ ဒုတိယ အေးလဲ့ဖြိုး (မန္တလေး)၊ ပူးတွဲ တတိယ ဖြူပြာမြင့် (ဧရာဝတီ)၊ ယွန်းနဒီတင်ဝင်း(ရန်ကုန်)နှင့် ဝါဝါရွှေ (မကွေး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးမှ လည်းကောင်း၊
အမျိုးသမီး မီတာ(၁ဝဝ)တန်းကျော်ပြေးပြိုင်ပွဲတွင် ပထမ အိသက်လွင်(ဧရာဝတီ)၊ ဒုတိယ နှင်းဝေရည်(မန္တလေး)၊ တတိယ ခင်မာအေး(တနင်္သာရီ)တို့အား အလုပ်အမှုဆောင် ဦးခင်မောင်လွင်မှ လည်းကောင်း၊
အမျိုးသား မီတာ (၁ဝဝ)တန်းကျော်ပြေးပြိုင်ပွဲတွင် ပထမ လွင်မိုး(မန္တလေး)၊ ဒုတိယ အားဆန်ဖာ(ရှမ်း)၊ တတိယ ဇွဲထက်နောင် (ရန်ကုန်)တို့အား အလုပ်အမှုဆောင် ဦးစောအက်ဒွပ်ရန်နီမှ လည်းကောင်း၊
အမျိုးသား အလျားခုန် ပြိုင်ပွဲတွင် ပထမ ဇင်ကိုဌေး(မကွေး)၊ ဒုတိယ သူရိန်ထွန်း(စစ်ကိုင်း)၊ တတိယ သက်ပိုင်ဦး(ဧရာဝတီ)တို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ကျော်ဦးမှ လည်းကောင်း၊
အမျိုးသား မီတာ(၄ဝဝ) ပြိုင်ပွဲတွင် ပထမ ဇော်ဇော်ခိုင် (မန္တလေး)၊ ဒုတိယ ကျော်နိုင်ထွေး (စစ်ကိုင်း)၊ တတိယ ဟိန်းနောင်နောင် (ရန်ကုန်)တို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ခင်မှ လည်းကောင်း၊
အမျိုးသမီး မီတာ(၄ဝဝ)ပြိုင်ပွဲတွင် ပထမ သီသီမွန်(မွန်)၊ ဒုတိယ နွေဦးခိုင်(တနင်္သာရီ)၊ တတိယ နော်မြင့်မြင့်စန်း (ဧရာဝတီ)နှင့် အမျိုးသား လှံတန်ပစ်ပြိုင်ပွဲတွင် ပထမ နန်းထက်မောင် (စစ်ကိုင်း)၊ ဒုတိယ ခင်ရှင်းစမုံ (မကွေး)၊ တတိယ ရန်မျိုးနိုင်(ချင်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးလွင်မှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်လျက် ရှိကြောင်းသတင်းရရှိပါသည်။
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မီတာ(၂ဝဝဝဝ) လမ်းလျှောက် (ကျား/ မ)၊ မီတာ(၁၁ဝ) တန်းကျော်ပြေး(ကျား)၊ မီတာ(၁ဝဝ)တန်းကျော်ပြေး(မ)၊ သံပြားဝိုင်းပစ်(ကျား)၊ တန်းမြင့်ခုန် (ကျား/မ)၊ ကြိုးတပ်သံလုံးပစ်(မ)၊ သုံးဆင့်ခုန်(မ)၊ တုတ်ထောက်ခုန်(ကျား/မ)၊ သံလုံးပစ်(ကျား/မ)၊ မီတာ (၃ဝဝဝ) တားဆီးကျော်ပြေး(ကျား)၊ တန်းမြင့်ခုန်(ကျား)၊ လှံတန်ပစ်(ကျား/မ)၊ မီတာ(၂ဝဝ)(မ)၊ မီတာ(၁၅ဝဝ)၊ မီတာ(၁ဝဝx၄) လက်ဆင့်ကမ်း(ကျား/မ)၊ မီတာ(၅ဝဝဝ)(ကျား/မ)၊ အလျားခုန်(မ)၊ မီတာ(၂ဝဝ) (ကျား/မ)၊ မီတာ(၈ဝဝ)(ကျား/မ)၊ မာရသွန်(ကျား/မ)၊ မီတာ(၄ဝဝ)တန်းကျော်ပြေး(ကျား/မ)၊ သုံးဆင့်ခုန် (ကျား)၊ မီတာ(၁၅ဝဝ)(ကျား/မ)၊ မီတာ(၁ဝဝ)(ကျား/မ)၊ မီတာ (၄ဝဝ x ၄) လက်ဆင့်ကမ်း (ကျား/မ) ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း(၁၅)သင်း အားကစားသမား(၃၈၄)ဦး ဖြင့် (၂၅.၁.၂ဝ၁၉)ရက်နေ့မှ(၂၈.၁.၂ဝ၁၉)ရက်နေ့ အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် ကွင်းအမှတ်(၁)တို့တွင် နေ့စဉ် နံနက်(၆)နာရီအချိန်မှ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။