skip to content

ရန်ကုန်၊ ဖေဖော်ဝါရီလ( ၂၃ )ရက်။

(၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများအတွက် အလေးမစံချိန်စမ်း လူရွေးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး မဂင်္လာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ပွဲဝင်းရှိ မိုးလုံလေလုံအားကစားရုံတွင် ယနေ့ နံနက် (၉)နာရီက စတင်ကျင်းပရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြောက်ရေး ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဒင်နှင့် အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်နာယကများ၊  မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဌ ဦးဥဂ္ဂါအေးနှင့် အမှုဆောင်များက  ပြိုင်ပွဲကီလိုတန်းများအလိုက် ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများအတွက်  အသက်(၁၇) နှစ်အောက် အမျိုးသား/အမျိုးသမီး လူငယ်(၇)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ၂ဝ၁၉ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အလေးမပြိုင်ပွဲအတွက်  အမျိုးသား (၅၅)ကီလိုတန်း၊ (၆၁)ကီလိုတန်း၊ (၆၇)ကီလိုတန်း၊ (၇၃)ကီလိုတန်း(၄)တန်းများ အတွက် (၆)ဦးအား ပဏာမ ရွေးချယ်ထား၍လည်းကောင်း၊ အမျိုးသမီး (၄၅)ကီလိုတန်း၊ (၄၉)ကီလိုတန်း၊ (၅၅)ကီလိုတန်း၊ (၅၉)ကီလိုတန်း၊ (၆၄)ကီလိုတန်း၊ (၇၁)ကီလိုတန်း (၆)တန်းများ အတွက် (၈) ဦးအား ပဏာမရွေးချယ်ခဲ့သည်။

ယခုလူရွေးချယ်ပြိုင်ပွဲတွင် အမျိုးသား(၂၄)ဦး၊ အမျိုးသမီး(၁၆)ဦး စုစုပေါင်း (၄ဝ)ဦးဝင်ရောက်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

 


back to top Eng