skip to content

နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၂၆)ရက်။

အားကစားနှင့်ကာယပညာဦးစီးဌာနရှိ လုပ်ငန်းသုံး ဆောက်လုပ်ရေးတင်ဒါအစည်းအဝေးကို ဝဏ္ဏသိဒ္ဓိအားကစားရုံ(c)တွင် နံနက်(၉)နာရီအချိန်၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော  ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးမြသန်းထိုက်နှင့် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီပိုင်ရှင်များ တက်ရောက်ကြပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ လုပ်ငန်းသုံးတင်ဒါများအား (၂၅.၂.၂ဝ၁၉)ရက်နေ့တွင် ဖွင့်ဖေါက်ပါသည်။အဆိုပါ တင်ဒါညှိနှိုင်းအစည်းအဝေးတွင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ အမှာစကားပြောကြားပြီး တင်ဒါလျှောက်ထားသူဦးရေ (၁၅ဝ)ကုမ္ပဏီမှ တင်ဒါ(၂၂)ခုအတွက် လျှောက်လွှာများအား အများသူငှာရှေ့တွင် ဖွင့်ဖေါက်ခဲ့ကြောင်း သိရှိရပါသည်။
 


back to top Eng