skip to content
 
နေပြည်တော်၊ နိုဝင်ဘာလ(၂ဝ)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးစီးဌာနအတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ အရည်အချင်း တိုးတက်မြင့်မားစေရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော ဝန်ထမ်းများလုပ်ငန်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၂/၂ဝ၁၇) ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၉) နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Gold Medal Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
 
အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့်အတူ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်း သူများတက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေ ဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရေတို/ရေရှည်စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အားကစား နှင့်ကာယပညာဦးစီးဌာနဖြင့် ပြည်သူလူထုအတွင်း အားကစားကို စိတ်ပါဝင်စားမှုရှိလာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် (TSDP- Townships Sports Development Programme) အစီအစဉ်အရ အားကစားပြိုင်ပွဲများ  အဆင့်အတန်းမြင့်မြင့် ပါဝင်ယှဉ်ပြိုင်လာစေရေး၊ အားကစားနှင့်ပညာရေးပေါင်းစပ်မှု အစီအစဉ်အရ အခြေခံပညာကျောင်းများတွင် အားကစားလှုပ်ရှားမှုများပါဝင်လာစေရေးများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဝန်ထမ်းများအနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် မိမိတို့တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများအပေါ် သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ရေး နှင့် မိမိတို့၏လုပ်ငန်းအပေါ်စွမ်းဆောင်ရည် မြင့်မားပြည့်ဝမှုနှင့် ဦးစီးဌာန၏ဂုဏ်၊ ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်မှာ ယခုသင်တန်းအပါအဝင် (၅)ကြိမ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်း၌ နိုင်ငံတော်မှ ပြဌာန်းသတ်မှတ်ထားသော ရုံးလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်း/ စည်းကမ်း များကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆထက်ထမ်းပိုးကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ယခုသင်တန်းမှ ပို့ချပေးသော သင်ခန်းစာများကို ထူးချွန်ထက်မြက်ပြီး  စည်မျဉ်း/စည်းကမ်းများကို စနစ်တကျ နည်းဥပဒေဘောင်အတွင်းမှ သေချာ ပိုင်နိုင်စွာ သိရှိနားလည်ရန် ကြိုးစားသင်ယူပြီး မိမိတို့၏ အရည်အသွေး၊ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပြီး အခြားသောဝန်ကြီးဌာနများနှင့် ဆက်သွယ်ရာတွင် ထူးချွန်ထက်မြက်ပြီး နည်းဥပဒေဘောင်အတွင်းမှ အဆင့်တန်းမီစွာ ဆောင်ရွက်နိုင်ရန်အတွက် ကြိုးစားသင်ယူကြစေ လိုကြောင်း ပြောကြားပါသည်။
 
 
အဆိုပါသင်တန်းကို နေပြည်တော်ဦးစီးဌာနရုံးချုပ်ရှိ ဝန်ထမ်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဦးစီးဌာနများမှ အငယ်တန်းစာရေးမှ ရုံးအုပ်အဆင့်ရှိ ဝန်ထမ်းကျား (--) ဦး၊ မ (--) ဦး၊ စုစုပေါင်း (--) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ နိုဝင်ဘာလ (၂ဝ) ရက်နေ့မှ ဒီဇင်ဘာလ(၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။
 

back to top Eng