skip to content

ထား၀ယ်၊ မတ်လ (၁)ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့ နံနက် (၀၈၀၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၀င် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားဝါသနာရှင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က အဖွင့်အမှာစကားပြောကြားရာ တစ်မျိုးသားလုံးကျန်းမာသန်းစွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို နိုင်ငံတော်က ချမှတ်ပေးထားသည့် အားကစားနှင့်ကာယပညာ မူဝါဒတွေနှင့်အညီ အားကစားလုပ်ငန်းတွေကို တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းသည်လည်း လုပ်ငန်းတစ်ရပ်အနေဖြင့်ပါဝင်ကြောင်း၊ နွေရာသီ အခြေခံအားကစားသင်တန်းများအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး အဆင့်တွင် အားကစားနည်း( ၁၅ )မျိုးကို ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပို့ချပေးမည့် လက်တွေ့အားကစားနည်းစနစ်နှင့် ကွၽမ်းကျင်မှုသင်ခန်းစာများကို စနစ်တကျ မှတ်သားပြီး ကြိုးစားမှုအပြည့်နှင့် ရည်ရွယ်ချက်ပြည့်မြောက်အောင်သင်ယူကြရန်လိုအပ်ကြောင်း ပြောကြားသည်။

  

ထို့နောက်စစ်ရေးပြမှူးမှ ဦးဆောင်၍ သင်တန်းသားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ပြီး ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားဝါသနာရှင်များအား အားကစားအဖွဲ့များမှ မြန်မာ့သိုင်း၊ ဂျူဒို၊ ဝူရှူး၊ လက်ဝှေ့၊ Physical Fitness Dance များဖြင့် သရုပ်ပြဖျော်ဖြေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး က သရုပ်ပြဖျော်ဖြေခဲ့ကြသည့် အားကစားအဖွဲ့ခေါင်းဆောင်များအား ဂုဏ်ပြုဆုများ ချီးမြႇင့်ခဲ့သည်။

နွေရာသီအားကစားသင်တန်းတွင် အားကစားနည်း(၁၅)မျိုးကို အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ကောလိပ်နှင့် တက္ကသိုလ်များမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၂၄)ဦးအား မတ်လ ၂၁ ရက်ထိ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


back to top Eng