skip to content
 
နေပြည်တော်၊ နိုဝင်ဘာလ(၂၁)ရက်။
 
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိရာ ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်(၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ယှဉ်ပြိုင်ကစားကြပြီး ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး  အားကစား နှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆုများ ချီးမြှင့်ပါ သည်။ 
 
ရှေးဦးစွာ အမျိုးသမီးဗိုလ်လုပွဲစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ (၉၉)မှတ်၊ (၄၉)မှတ်ဖြင့်လည်ကောင်း၊ အမျိုးသားဗိုလ်လုပွဲစဉ်တွင်   မန္ကလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္ကလေးတိုင်းဒေသကြီးအသင်းမှ (၈ဝ)မှတ်၊ (၆၈)မှတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရဗိုလ်စွဲသွားပါသည်။
 
 
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် ပူးတွဲ တတိယ ဆုရရှိသော ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းသန့်မှ တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ရန်ကုန် တိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ တစ်ဦး ချင်းဆုတံဆိပ်များကိုလည်းကောင်း၊ ပထမဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ တစ်ဦးချင်းဆုတံဆိပ်များကို လည်းကောင်း၊
 
ဆက်လက်၍ ဘတ်စကက်ဘော အမျိုးသားပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ရှမ်းပြည်နယ်အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြသန်းထိုက်မှ တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ တစ်ဦးချင်း ဆုတံဆိပ်များ ကိုလည်းကောင်း၊
 
 
ဆက်လက်၍  ဘတ်စကက်ဘော  အမျိုးသမီးပြိုင်ပွဲတွင်  အကောင်းဆုံး  အားကစားသမားဆုရ  စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ  ကျောနံပါတ်(၈)  ဖြူနုသွယ်အား  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန  ဒုတိယ  အမြဲတမ်းအတွင်းဝန်  ဦးကျော်ဦးမှ အကောင်းဆုံးဆုတံဆိပ်ကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရ မန္ကလေးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁၁) ကျော်ဇင်မျိုးအား မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ကျော်ဝင်းမှ အကောင်းဆုံးဆုတံဆိပ် ကိုလည်းကောင်း၊
 
 
ယင်းနောက် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တံခွန်စိုက်ဆုဖလားများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသောအသင်းများနှင့်အတူ စုပေါင်းအမှတ်တရမှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးပြီး အခမ်းအနား ကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng