skip to content
 
ရန်ကုန်၊ မတ်လ (၁၄) ရက်။
မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် (၄၅)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲကို မတ် ၆ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်အားကစားခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိသည်။
အဆိုပါပြိုင်ပွဲတွင် စစ်တုရင်ချန်ပီယံ ကစားသမား ၁၆ ဦးက ပတ်လည်စနစ်ဖြင့် ယှဉျပြိုင်ကစားလျက်ရှိသည်။ ယင်းပြိုင်ပွဲ သည် မြန်မာနိုင်ငံတွင် အမြင့်ဆုံးပြိုင်ပွဲဖြစ်ပြီး ချန်ပီယံဖြစ်ပါက ပြည်ပပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။
ဆုကြေးအဖြစ် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် သုံးသိန်း၊ တတိယဆု ငွေကျပ် နှစ်သိန်းနှင့် စတုတ္ထဆု ငွေကျပ်တစ်သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

back to top Eng