Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာ့အဆင့် တစ်ဆင့်မြင့်တက်
ရန်ကုန် မတ် ၂ဝ
မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ယမန်နေ့ကထုတ်ပြန်သည့် အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မူလထက် တစ်ဆင့်မြင့်တက်ခဲ့ကြောင်း သိရသည်။
သက်ထားသူဇာသည် ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့် မတ်လတွင်ကျင်းပသည့် ကင်ညာနိုင်ငံတကာ ကြက်တောင်စီးရီးပြိုင်ပွဲတို့တွင် ကမ္ဘာ့အဆင့်ရှိ နာမည်ကြီးကစားသမားကိုကျော်ဖြတ်၍ ရွှေတံဆိပ်ဆုနှစ်ခု ဆွတ်ခူးခဲ့သည်။ ထို့ကြောင့် မူလက ကမ္ဘာ့အဆင့်(၁၃၄)သာရှိသည့် သက်ထားသူဇာသည် ယခုတစ်ပတ်တွင် အဆင့်တစ်ဆင့်မြင့်တက်ကာ ကမ္ဘာ့အဆင့် (၁၃၃)သို့ ရောက်ရှိလာသည်။
သက်ထားသူဇာသည် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကကြီးမှူးကျင်းပသည့် နိုင်ငံတကာပြိုင်ပွဲရှစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာ ၂၃ ပွဲနိုင် ၁၃ ပွဲရှုံးနိမ့်ပြီး ရမှတ် စုစုပေါင်း ၁ဝ၆၈ဝ ရရှိကြောင်းသိရသည်။
သက်ထားသူဇာသည် ဧပြီလတွင် ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့် International Challenge ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း၊ ၎င်းသည် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ခါးဒဏ်ရာရရှိကာ တစ်လကျော်အနားယူခဲ့ရပြီး ၂ဝ၁၉ခုနှစ် ဇန်နဝါရီ တတိယပတ်မှစ၍ ပြန်လည်လေ့ကျင့်၍ ယှဉ်ပြိုင်သည့် နိုင်ငံတကာပွဲ နှစ်ပွဲတွင် နှစ်ပွဲဆက် ချန်ပီယံဆု ရယူနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် သက်ထားသူဇာသည် ယခုနှစ်အတွင်းကျင်းပမည့် ၂ဝ၂ဝ ပြည့်နှစ် နွေရာသီတိုကျိုအိုလံပစ်ကြက်တောင်ပြိုင်ပွဲ လက်ရည်စစ် ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ လက်ရည်စစ်ပွဲ အောင်မြင်ပါက ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လတွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ကျင်းပမည့် အိုလံပစ်ကြက်တောင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ အသက် ၂ဝ နှစ်အရွယ် သက်ထားသူဇာသည် ၂ဝ၁၈ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိထားပြီး အီဂျစ်နိုင်ငံ၌ကျင်းပသည့် နိုင်ငံတကာစီးရီး ကြက်တောင်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ နီပေါနိုင်ငံ၌ကျင်းပသည့် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုကိုလည်းကောင်း ရရှိထားသည်။
သက်ထားသူဇာသည် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် မတ်လအထိ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကကြီးမှူးကျင်းပသည့် နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာ ချန်ပီယံဆုသုံးကြိမ်နှင့် ဒုတိယတစ်ကြိမ်ရရှိထားကြောင်းသိရသည်။
23 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display