ရန်ကုန်၊ မတ်လ( ၂၄ )ရက်။
၂ဝ၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁ဝ)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြို့နယ်အားကစားရုံ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုးနှင့် ခရိုင်/မြို့နယ်အရာရှိများ၊ အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရန်ကုန်တိုင်းဒေသကြီးဘော်လီဘောဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ဆုရအားကစားသမားများ တက်ရောက်ကြသည်။
ဗိုလ်လုပွဲများအပြီးတွင် ပထမဆုရရှိသော အရှေ့ပိုင်းခရိုင်အမျိုးသမီးအသင်းနှင့် ဒုတိယဆုရရှိသော အနောက်ပိုင်းခရိုင်အမျိုးသမီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ငွေသားဆု ကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ပထမဆုရရှိသော အနောက်ပိုင်းခရိုင်အမျိုးသားအသင်း၊ ဒုတိယဆုရရှိသော အရှေ့ပိုင်းခရိုင်အမျိုးသားအသင်းတို့အား ဆုတံဆိပ်နှင့်အတူ ငွေသားဆုများကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ပွဲစဉ်တလျှောက် အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုကို အရှေ့ပိုင်းခရိုင်မှ ကျောနံပါတ်(၃) နန်းမွန်အေးနှင့် ပွဲစဉ်တစ်လျှောက် အမျိုးသားအကောင်းဆုံး အားကစားသမားဆုကို အနောက်ပိုင်းခရိုင်မှ ကျောနံပါတ် (၈) ဝင်းမြင့်ဦးတို့အား တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပထမတံခွန်စိုက်ဆု ဖလားရရှိသော အရှေ့ပိုင်းခရိုင် အမျိုးသမီးအသင်းနှင့် အနောက်ပိုင်းခရိုင် အမျိုးသားအသင်း တို့အား ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။