Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရန်ကုန်၊ နိုဝင်ဘာလ( ၂၆ )ရက်။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ်လှေလှော်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ လှေလှော်အားကစားနည်းအား ပြည်သူအများစိတ်ဝင်စားမှုရှိလာစေရေး၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် လှေလှော်အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနှင့် လှေလှော်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနို်င်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဌ ဦးကျော်ကျော်လှိုင် နှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့်အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြင့်ထွေး က အဖွင့်အမှာစကားပြောကြားရာတွင် ယခုတိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာ လှေပြိုင်ပွဲကျင်းပခြင်း နောက်ကွယ်တွင် ကောင်းသောအကျိုးဆက်များစွာရှိပါကြောင်း၊ အထူးသဖြင့် ပြည်သူများ အားကစားကို စိတ်ဝင်စားလာခြင်း၊ မြန်မာ့ရိုးရာလှေလှော်အားကစားနည်းကို လူငယ်များပိုမိုသိရှိ စိတ်ဝင်စားလာစေခြင်း၊ အားကစားပုံမှန်လေ့ကျင့်မှုမှတဆင့် မူးယစ်ဆေးဝါး၊ အရက်သေစာ၊အလွဲသုံးမှုများကို လျော့နည်းစေခြင်း စသည်တို့အပြင် မြောက်များစွာသော ကောင်းကျိုးများစွာရှိပါကြောင်း၊လှေလှော်အားကစားနည်းသည် စိတ်ဓါတ် ကိုအခြေခံ၍ ပြိုင်ပွဲအစမှအဆုံး မနားတမ်း ဝိရိယအပြည့်ဖြင့် ယှဉ်ပြိုင်ရသောကစားနည်း ဖြစ် ၍ ကျန်းမာရေးအတွက် ကောင်းစွာ အထောက်အကူပြုသည့် အားကစားနည်းဖြစ်ပါကြောင်း၊ လှေလှော်အားကစားနည်းသည် ခွန်အားကိုအသုံးပြု၍ ယှဉ်ပြိုင်ကစားရသော အားကစားနည်း ဖြစ်သည့်အတွက် ကိုယ်ခန္ဓာသန်မာထွားကြိုင်ပြီး ကျန်းမာကြံ့ခိုင်၍သက်လုံကောင်းမှသာ ထူးချွန်သည့် အားကစားသမားကောင်းဖြစ်လာမည် ဖြစ်ပါကြောင်း၊ သို့ပါသော်လည်း သိပ္ပံနည်းကျ ခွန်အားကိုစိုက်ထုတ်ခြင်း၊ ခေတ်မီနည်းပညာသုံးစွဲခြင်း၊ ခေတ်မီအထောက်အကူပစ္စည်းများနှင့် လေ့ကျင့်ခြင်း၊လုံလောက်သောအဟာရကို စနစ်တကျစားသောက်သုံးခြင်း၊ နိုင်ငံတကာတွင် ပြုလုပ်နေသော နည်းစနစ်များကို လေ့လာခြင်းများပြုလုပ်မှသာ နိုင်ငံတကာနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်အနိုင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ အားကစားတွင်အောင်နိုင်ရေးသည် နေ့ချင်းညချင်း ရရှိနိုင်သော အရာမဟုတ်၍ အခြေခံကောင်းများကို စနစ်တကျ တည်ဆောက်၍အဆင့်လိုက် အပိုင်းလိုက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
၂ဝ၁၇ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် ကမ္ဘာ့နိုင်ငံပေါင်းစုံ တံခွန်စိုက်ရိုးရာ နဂါးလှေ (13th IDBF World Nations Championship) ရွှေတံဆိပ်(၁)ဆု၊ ငွေတံဆိပ် (၁)ဆုနှင့် ကြေးတံဆိပ် (၁)ဆုတို့ကို နိုင်ငံတော်အတွက် ဆွတ်ခူးရယူပြီး လှေလှော်အားကစား နည်းတွင် အောင်မြင်မှုများရရှိခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုပါကြောင်း၊ ထိုအောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မိမိတို့ကိုမိမိ စဉ်ဆက်မပြတ် ဆန်းစစ်သုံးသပ်မှုများပြုလုပ်ရန် အထူးလိုအပ်ပါကြောင်း၊ ယနေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြ မည့် အားကစားသမားများအားလုံး မိမိကိုယ်စားပြုယှဉ်ပြိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်း အောင်နိုင်ရေးအတွက် မိမိတို့ရဲ့ အစွမ်းအစအရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓါတ် ဖြင့် အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ သမာသမတ်ရှိမှု၊စည်းလုံးညီညွတ်မှု ရှိမှုတို့ဖြင့်အပြည့်အဝ အကောင်းဆုံး ယှဉ်ပြိုင်ပြီး လှေလှော် အားကစားနည်းဆောင်ပုဒ်ဖြစ်သည့် ''လှေခွက်ချည်းကျန် အလံမလဲ သေသည့် တိုင်အောင် တက်ကိုဆောင် တက်ညီလက်ညီ ရှေ့သို့ချီ '' ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကြိုးစား ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကြ ပြီး ပြိုင်ပွဲကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။
ယင်းပြိုင်ပွဲတွင်အမျိုးသား(၁ဝ)တက်လှော်မီတာ(၂ဝဝ)နှင့်မီတာ(၅ဝဝ)၊ အမျိုးသား (၅)တက်လှော်မီတာ (၂ဝဝ)နှင့်မီတာ(၅ဝဝ)ပြိုင်ပွဲများ ၊ အမျိုးသမီး(၁ဝ)တက်လှော်မီတာ (၂ဝဝ)နှင့်မီတာ(၅ဝဝ)၊ အမျိုးသမီး(၅)တက်လှော်မီတာ(၂ဝဝ)နှင့် မီတာ(၅ဝဝ)ပြိုင်ပွဲများ ၊ ပွဲစဉ်(၈) မျိုးပါဝင်မှာဖြစ်ပြီး ပြိုင်ပွဲအား(၂၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် ဆုပေးပွဲကျင်းပမည်ဖြစ် ကြောင်းသိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် အားကစားနှင့်ကာယပညာဦးစီးဌာန ကျိုက္ကဆံကွင်းရှိ ဂိတ်အမှတ်(၁၃)၊ ပုပ်ရဟန်းမင်းကြီး လာရောက်သည့်အခါ ဝင်ရောက်မည့် ဂိတ်ပေါက် မုဒ်ဦးပြင်ဆင်ထားမှုများ၊ ကွန်ကရစ်လမ်းခင်းထားသော လျှောက်လမ်းများ၊ ပတ်ဝန်ကျင်းသန့်ရှင်းရေးဆောင်ရွက်ထားမှုများ၊ ပြည်သူတို့နှင့်တွေ့ဆုံရန် စီစဉ်ထားသည့် အခမ်းအနားအခင်းအကျင်းနှင့် စီစဉ်ထားရှိမှုများ၊ တရားဟောစင်မြင့် တည်ဆောက်ထားမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။
13 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display