နေပြည်တော်၊ မတ်လ(၃ဝ)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၇:ဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ကရင်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ယှဉ်ပြိုင်ကြရာ ကရင်ပြည်နယ်အသင်းမှ ကချင်ပြည်နယ်အသင်းအား (၁)ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ မွန်ပြည်နယ်အသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကြရာ မွန်ပြည်နယ်အသင်းမှ နေပြည်တော်အသင်းအား (၂)ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ ညနေ(၃:၃ဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၁)၌ ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ရှမ်းပြည်နယ်အသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းအား(၅)ဂိုး-ဂိုး မရှိဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီး အသင်းမှ တနင်္သာရီတိုင်းဒေသကြီးအသင်းအား (၃)ဂိုး-ဂိုးမရှိ ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
(၃၁.၃.၂ဝ၁၉)ရက်နေ့တွင် ပြိုင်ပွဲများနားမည်ဖြစ်ပြီး (၁.၄.၂ဝ၁၉)ရက်နေ့တွင် ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် နံနက်(၇:ဝဝ)အချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ၌ ကရင် ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ညနေ(၄) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူ မဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။