skip to content

 

ရန်ကုန် ဧပြီ (၅)

 

မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် အဓိက ကူညီပံ့ပိုးမည့် စပွန်ဆာကုမ္ပဏီများနှင့် စပွန်ဆာစာချုပ်လက်မှတ်ရေးထိုးခြင်း၊ နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင် မှုရခဲ့သည့် မြန်မာဂေါက်သီးရိုက်ကစား သမားများအား ဂုဏ်ပြုပွဲအခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ Dagon Golf City ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နာယကများ ဖြစ်ကြ သော ဗိုလ်ချုပ်ဝင်းလှိုင်(ငြိမ်း)နှင့် ပါမောက္ခ ဒေါက်တာဦးမြင့်မောင်မောင် တို့က အမှာစကားပြောကြားပြီး၊ မြန်မာ နိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကို အေးက လက်မှတ်ရေးထိုးပွဲနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားကာ ဒုဥက္ကဋ္ဌ ဦးအောင်ကြည်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် ၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် အဓိက ကူညီပံ့ပိုးမည့် စပွန်ဆာကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဆိုင်ရာကိစ္စရပ် များအား သဘောတူစာချုပ် လက်မှတ် ရေးထိုးပြီးစာချုပ်များ ပေးအပ်သည်။ ယင်းနောက် နိုင်ငံတကာဂေါက်သီးရိုက် ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာနိုင်ငံမှ ပရော်ဖက်ရှင်နယ် ကစားသမားများ ဖြစ်ကြသော ရဲထက်အောင်၊ ဟိန်းစည်သူ တို့အား ၂၀၁၉ ခုနှစ်အတွက် Phyo Si Thu Teak Plantation (Myan-mar) & Bago Yoma Eco Resort (Myanmar)က စပွန်ဆာစာချုပ် လက်မှတ်ရေးထိုးပြီး အင်္ကျီနှင့် ဦးထုပ် အား ပေးအပ်သည်။ ထို့နောက် မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့သည့် (၁၉)ကြိမ်မြောက် အရှေ့တောင် အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ နှင့် အရှေ့တောင်အာရှ အပျော်တမ်း အသင်းလိုက် တံခွန်စိုက်ပြိုင်ပွဲ(Lion City Cup)တို့မှ အောင်ပွဲရ မြန်မာ ဂေါက်သီးအားကစားသမားများ အား ဂုဏ်ပြုရွှေဆွဲပြားများကို ချီးမြှင့်သည်။

 

အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌လှိုင်မင်းထက်က ရွှေတံဆိပ်၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဧကရီ ဝင်းထွန်းက ငွေတံဆိပ်ရရှိခဲ့သည်။ အရှေ့ တောင်အာရှ အပျော်တမ်း အသင်းလိုက် တံခွန်စိုက်ပြိုင်ပွဲ (Lion City Cup) ၌ အမျိုးသား ယူ-၁၇ ပြိုင်ပွဲတွင် မြန်မာ လူငယ်အမျိုးသားအသင်းက ပထမ၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌ ပြည့်ဖြိုး သူက ပထမ၊ 6th Kartini Cup အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ သင်းဝေ ခိုင်က ဒုတိယဆုရရှိခဲ့သည်။

 

မြန်မာပြည်တွင်းပတ်လည် ဂေါက်သီး ရိုက်ပြိုင်ပွဲ၏ ပွဲစဉ်များကို Myanmar Zwe Mann Co., Ltd. မှ မော်လမြိုင် မြို့ ရွှေနတ်တောင် ဂေါက်ကွင်းတွင်း လည်းကောင်း၊Myawaddy Bank Ltd မှ ပဲခူးမြို့ ဟံသာ၀တီဂေါက်ကွင်း ၌ လည်းကောင်း၊ Telecom Inter-national Myanmar Co., Ltd. (Mytel) မှ ရန်ကုန်မြို့ ဒဂုံဂေါက်ကွင်း ၌ လည်းကောင်း၊ SAE PAING Development Ltd မှ ရန်ကုန် ဂေါက်ကွင်း(တညင်းကုန်း)၌ လည်း ကောင်း၊ Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar) မှ ပုဂံဂေါက်ကွင်း၌ လည်းကောင်း၊ Innwa Bank Ltd မှ ပြင်ဦးလွင်မြို့ ချယ်ရီလွင်ဂေါက်ကွင်း၌ လည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

#ရဲရင့်ရှိုင်း

 


back to top Eng