skip to content
 
မြိုင် ဧပြီ (၇)
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စက်ဘီးစီးအသင်းတို့ ပူးပေါင်းကျင်းပသော ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် လူထုစက်ဘီးစီးနင်းပွဲကို ယမန်နေ့ နံနက် ၅ နာရီက ရွှေမြင်းတင်ဘုရားကြီးမုခ်ဦးတွင် ကျင်းပခဲ့သည်။
 
လူထုစက်ဘီးစီးပွဲကို မြိုင်မြို့ ရွှေမြင်းတင် ဘုရားကြီးမုခ်ဦးမှ ရှင်မတောင် တောင်သို့ လည်းကောင်း၊ ရှင်မတောင် တောင်မှ မြိုင်မြို့ဆီသို့ လည်းကောင်း စုစုပေါင်း (၃၈)မိုင်ကို စက်ဘီး စီးနင်းသူ (၃၀)ဦးတို့က အသွားအပြန် စီးနင်းကြသည်။ အဆိုပါစက်ဘီးစီးနင်းပွဲသို့ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသူရဇော်နှင့် ကျန်းမာရေး ဝန်ထမ်းများက လိုက်လံအားပေးခဲ့ကြသည်။
 
 
"မြိုင်မှာ စက်ဘီးစီးနေတဲ့လူတွေ အရွယ်စုံပေါ့။ သူ့အဖွဲ့နဲ့သူစီးနေရာကနေ ခုလိုခရီးဝေးကို တစ်စုတစ်စည်းတည်း သွားလိုက်တော့ အဖွဲ့ရဲ့ စည်းလုံးမှုလေး မြင်ရတယ်။ ရှင်မတောင် တောင်တက် ခရီးစဉျဆိုတဲ့အတိုင်း အခက်အခဲတွေကြားထဲကနေ အောင်မြင်စွာနဲ့ တောင်ထိပ်ထိတက်နိုင်ခဲ့တယ်။ ကမ္ဘာ့ကျန်းမာရေးနေ့မှာ အခုလို တောင်တက်စက်ဘီးစီးပြီး ကမ်ဘာကြီးပူးနွေးလာမှုကို လျော့ချနိုင်ခဲ့သလို ကၽွန်နော်တို့အဖွဲ့ရဲ့ စက်ဘီးစီးနင်း လှုပ်ရှားလေးကနေ တခြားသူတွေလည်း စက်ဘီး စီးနင်းလာစေဖို့ရည်ရွယ်ပါတယ်" ဟု စက်ဘီးပါဝင်စီးနင်းသူ ကိုခိုင်မင်းထွန်းက ပြောကြားသည်။
 
 
#ဖြိုးမွန်ကျော်(မြိုင်)

back to top Eng