တောင်ကြီး မေ ၂၂ရက်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူပေါင်း ကျင်းပသော တိုင်းဒေသကြီးနှင့် ပြည်နယ် ဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲအုပ်စု မဲနှိုက်ခြင်း၊ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညိုနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ လွတ်လပ်ရေး ကျောက်တိုင်းကွင်း၌ ကျင်းပခဲ့သည်။၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြု လုပ်နိုင်ရေးအတွက် ပြိုင်ပွဲအုပ်စု မဲနှိုက်ခြင်း ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညိုနှိုင်း အစည်းအဝေးသို့ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိ ကြီးကြပ်သူများနှင့် ပြိုင်ပွဲဝင် ဘော်လီဘော အမျိုးသား၊ အမျိုးသမီး ဘော်လီဘော အားကစားသမားများ တက်ရောက်ခဲ့ကြသည်။အစဉ်အစီအရ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း က အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ယင်းတင်ပြ ဆွေးနွေးချက်များကို တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးကာ ပွဲစဉ်ဇယားများ ရေးဆွဲခဲ့ကြကြောင်း သိရသည်။
Crd to:MOI WEBPORTAL MYANMAR