skip to content

 

ဘားအံ ဇွန် (၉)။
 
ကရင်ပြည်နယ် ဘားအံမြို့၌ World Bicycle Day အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကိုဇွန် ၈ ရက် နံနက် ၆ နာရီက အမှတ် (၄) ရပ်ကွက် သီရိလမ်းနှင့် နှမ်းလုံးကြိုင်လမ်းထောင့်၌ ကျင်းပသည်။ အဆိုပါ လူထုစုပေါင်းစက်ဘီးစီးနင်းအဖွဲ့တွင်ပြည်နယ်စက်ဘီးစီးအဖွဲ့ Hpaan Rider Club၊ မြို့ပေါ်ရပ်ကွက်များရှိ စက်ဘီးစီးဝါသနာရှင်များ၊ ကျောင်းသား ကျောင်းသူများ အင်အား ၃၅၀ ခန့်သည်သီရိလမ်းမှ ဆေးရုံလမ်း၊ တန်းမြင့်ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ အဓိပတိလမ်း၊ မြို့ပတ်လမ်း၊ ကြာအင်းလမ်း၊ ကျော်ဇေယျလမ်း၊ ဇွဲကပင်လမ်း၊သရဖီလမ်း၊ကမ်းနားလမ်းအတိုင်း စီးနင်းလာကြပြီး အမှတ် (၃) ရပ်ကွက် ကမ်းနားလမ်းရှိ ညဈေးပြုလုပ်မည့်နေရာတွင် ပန်းဝင်ရပ်နားခဲ့ကြရာ စက်ဘီးစီးနင်းပန်းဝင်သူ များအား Hpaan Rider Club ပြည်နယ်စက်ဘီးစီး အ¸က စက်ဘီးသုံးစီး ကံစမ်းမဲဖောက်ချီးမြှင့်ပေးခဲ့သည်။
 
World Bicycle Day အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို စက်ဘီးစီးခြင်းဖြင့် ကျန်းမာကြံခိုင်စေရန်၊ စက်ဘီးအားကစားနည်းကို ပြည်သူလူထုပိုမိုစိတ်ဝင်စားလာစေရန်၊ မျိုးဆက်သစ်စက်ဘီးအားကစားသမားများ ပေါ်ထွက်လာစေရန်၊စက်ဘီးစီးခြင်းဖြင့် စက်သုံးဆီကို ခြိုးခြံချွေတာနိုင်ပြီး လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ကာ သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေရန်တို့အတွက် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
 
 
#Credit: နေမျိုးလွင်(ပြန်/ဆက်)

back to top Eng