skip to content
 
ရန်ကုန် ဇွန် (၁၀)
 
၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၄) ၏ နောက်ဆုံးပွဲအဖြစ် ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း မြ၀တီအသင်း နှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင် ရာ ဂိုးမရှိသရေကျခဲ့သည်။ မြ၀တီ အသင်းသည် နောက်ဆုံးပွဲတွင် သရေ သာ ကစားနိုင်သောကြောင့် အား/ကာ သိပ္ပံအသင်းက ချန်ပီယံဆုကို ပထမဆုံး ရယူနိုင်ခဲ့သည်။
 
နှစ်ရာသီဆက်တိုက် ဗိုလ်စွဲထား သည့် မြ၀တီအသင်းသည် ယခုပွဲတွင် ၂၄ ဂိုးနှင့်အထက် အနိုင်ရမှသာ ချန်ပီယံဆု ဆက်လက်ကာကွယ်နိုင်မည် ဖြစ်ပြီး သစ္စာအားမာန်အသင်း၏ ရုန်းကန်မှုကြောင့် အရှုံးအနိုင်မပေါ်ဘဲ သရေကျခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး လိဂ်ပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ပြီး အား^ကာ သိပ္ပံအသင်းက ၃၇ မှတ်ဖြင့် ချန်ပီယံဖြစ်ခဲ့ပြီး မြ၀တီအသင်းက ၃၅ မှတ်ဖြင့် ဒုတိယ၊ သစ္စာအားမာန်အသင်းက ၃၂ မှတ်ဖြင့် တတိယ၊ YREO အသင်းက ၂၂ မှတ်ဖြင့် စတုတ္ထ၊ အား/ကာ ဦးစီး ဌာနအသင်းက ၁၇ မှတ်ဖြင့် အဆင့် (၅)၊ ဇွဲကပင်အသင်းက ၁၅ မှတ်ဖြင့် အဆင့်(၆)၊ ဂန္ဓမာအသင်းက ခြောက်မှတ်ဖြင့် အဆင့်(၇) ရခဲ့ပြီး တက္ကသိုလ်အသင်းက အမှတ်မရဘဲ ဇယားအောက်ဆုံး၌ ရပ်တည်ခဲ့သည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲမှာ သုံးရာသီမြောက် ကျင်းပပြီးစီးသွားပြီး မြ၀တီအသင်းက နှစ်ကြိမ်၊ အား^ကာသိပ္ပံအသင်းက တစ်ကြိမ် ဗိုလ်စွဲခဲ့သည်။
 
မြ၀တီနှင့် သစ္စာအားမာန်အသင်းတို့ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ တတိယဆုရ သစ္စာအားမာန်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေး ငွေကျပ်ကျပ် သိန်း ၅၀၊ ဒုတိယဆုရ မြ၀တီအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေး ငွေကျပ်ကျပ် သိန်း ၁၀၀၊ ပထမဆုရ အား/ကာသိပ္ပံအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးကျပ် ငွေကျပ်ကျပ် သိန်း ၁၅၀ နှင့် ချန်ပီယံဆုဖလားတို့ကို အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီးလိဂ် ကော်မတီဥက္ကဋ္ဌ ဦးလှဌေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီး ဘောလုံးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊ AYA Bank ဒုတိယဥက္ကဋ္ဌ ဒေါ်ဌေးဌေးခိုင်၊ KBZ Bank Deputy Managing Director ဒေါ်မြင့်မြင့်ချိုနှင့် ဒေါ်စန်းစန်း(Win & San Co.,Ltd.) ၊ ဒေါ်ရင်ရင်ရွှေ (New Star Co.,Ltd.) ၊ အား/ကာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ စိန်ဂေဟာကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးဝေယံလင်း၊Super Power Co.,Ltd. မှ ဒေါ်မိမိနှင့် ဒေါ်နန္ဒာဝေဒီ၊ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။ 
 
 
Credit:ညီမြတ်သော်တာ

back to top Eng