skip to content

 ၁၃ ဇွန်

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေရေး၊ အနာဂတ်တွင် ဂေါက်သီးမျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကဂကြီးမှူး၍ မြဝတီဘဏ် လီမိတက်၏ အဓိကကူညီပံ့ပိုးမှုဖြင့် ကျင်းပသည့် ၂၀၁၉ခုနှစ်၊မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ဒုတိယ) ပွဲစဉ်(ပထမ)နေ့နှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟံသာဝတီဂေါက်ကွင်း၊ ပဲခူးမြို့၌ ကျင်းပရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများ မြဝတီဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်ပြိုင်ပွဲဝင်   အားကစားသမားများ တက်ရောက်ကြသည်။
 
ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ပြိုင်ပွဲတွင်အားကစား သမားများ သတ်မှတ်တီခုံပေါ်တွင် နေရာယူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဒုတိယမန်နေးဂျင်း ဒါရိုက်တာ ဦးစိုးသိန်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှဌာနကြီးမှူး (အထွေထွေအုပ်ချုပ်ရေးရာဌာနကြီး) ဦးမင်းဇော်၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှဌာနကြီးမှူး (ဝန်ဆောင်မှုလုပ်ငန်းများဌာနကြီး) ဦးအောင်ရဲဝင်း၊ မြဝတီဘဏ်လီမိတက်မှမန်နေးဂျင်း ဒါရိုက်တာဦးယုလွင်၊ မြန်မာနိုင်ငံဂေါက်သီး အဖွဲချုပ်ဥက္ကဋ္ဌဦးကိုကိုအေးတို့မှ အလှည့်ကျ ဂေါက်သီးရိုက်ကာ ဖွင့်လှစ်ပေးခဲ့သည်။ ယင်းပြိုင်ပွဲတွင် ပညာရှင်အဆင့်(၃၀)၊ ဝါသနာရှင်အဆင့်(အမျိုးသား) (၈၈)ဦး၊ဝါသနာရှင် အဆင့်အမျိုးသမီး(၈)ဦး စုစုပေါင်း အားကစားသမား(၁၂၆)ဦးဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ယင်းပြိုင်ပွဲကို ဇွန် ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိသည်။
 
၂၀၁၉ခုနှစ်မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက် ပြိုင်ပွဲတွင်  Myanmar Zwe Mann Co,.Ltd, MWD Bank, SAE PAING Development Ltd, Telecom International Myanmar Co., Ltd (Mytel), Phyo Si Thu Teak Plantation(Myanmar)&Bago Yoma Eco Resort(Myanmar), INNWA Bank, တို့မှ အဓိကူညီပံ့ပိုးပေးထားသည်။
 
သတင်း-ဖိုးသော်ဇင်၊ ဓာတ်ပုံ- ဂေါက်သီးအဖွဲ့ချုပ်

back to top Eng