skip to content
 
ရန်ကုန်၊ ဇွန်လ(၃၀)ရက်။
 
၂၀၁၉ခုနှစ်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ၊ပြည်လမ်းရှိ Novotel Hotel  (ပုသိမ်ခန်းမ) ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရခိုင်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီသီနွယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ရန်ကုန်တိုင်းအမျိုးသမီးရေးရာနှင့်ရန်ကုန် တိုင်းမိခင်နှင့်ကလေးဥက္ကဋ္ဌ ဒေါ်အေးအေးမြင့်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ နာယကများ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဋ္ဌများ နှင့် အမှုဆောင်များ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။
 
ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် သရုပ်ပြအဖွဲ့က အာရှမြန်မာ သီချင်းဖြင့် အားကစားသရုပ်ပြသ၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။
 
ဆက်လက်၍မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေး က နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ အတွင်းရေးမှူး ဒေါ်အေးအေးရွှေ က အဖွဲ့ချုပ်၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
 
ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ခင်လေးနှင့် Balance Fitness ၊  Power House Fitness Clup ၊ VX GYM ၊ X GYM Fitness Myanmar များမှ တာ၀န်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသမီးအားကစားအဖွဲ့ချုပ် အားကစား လှုပ်ရှားမှုလုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
 
 
ဆက်လက်၍  အလှူရှင်အသီးသီးက စုစုပေါင်း အလှူငွေကျပ်သိန်း(၂၅၀)အား ပေးအပ်လှူဒါန်းကြရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီသီနွယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊  ရန်ကုန်တိုင်းအမျိုးသမီးရေးရာနှင့်ရန်ကုန်တိုင်းမိခင်နှင့်ကလေးဥက္ကဋ္ဌ ဒေါ်အေးအေးမြင့်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နာယကဒေါ်နန်းအေးခိုင်၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေး တို့ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အားပြန်လည်ပေးအပ်ခဲ့သည်။
 
ဆက်လက်၍ မြန်မာနိ်ုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် မှ ရှမ်းရိုးမက အိုးစည်သံ သီချင်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် မှ  ဝူရှူးအခြေခံစုပေါင်း အားကစားသရုပ်ပြသခဲ့ပြီး   စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

back to top Eng