skip to content
 
 
ရန်ကုန်၊ ဇွန်လ(၃၀)ရက်နေ့။
 
မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူးပြိုင်ပွဲကို ယနေ့နံနက်(၈:၀၀)အချိန်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အား/ကာသိပ္ပံ(ရန်ကုန်)ဝူရှူးလေ့ကျင့်ရေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ်(၁)ဦးထွန်းမြင့်ဦး၊ဒုတိယ ညွှန်ကြားရေးမှုးချုပ်(၃) ဦးကျော်ဦး ၊ ညွှန်ကြားရေးမှုး ဦးစိုးအောင် ကျောင်းအုပ်ကြီး( အား/ကာသိပ္ပံ-ရန်ကုန်) ၊ ညွှန်ကြားရေးမှူး ဦးအောင်မိုး ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော်မရှင်အဖွဲ့ဥက္ကဌဦးအောင်ဒင်နှင့်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးသန့်စင်နှင့် အတွင်းရေးမှူးဦးအောင်ဆန်းမြင့်၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဂုဏ်ထူးဆောင်ဥက္ကဌ ဦးသစ္စာ@Li Bobo၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်ခင်လေး၊ဒုတိယဥက္ကဌဦးဇော်မိုးဝင်းနှင့် အဖွဲ့ချုပ်အမှုဆောင်များ နည်းပြဆရာများတက်ရောက်အားပေးခဲဲ့ကြပြီးပထမနေ့ပွဲစဉ်များတွင်ဆုရရှိသောအားကစားသမားများအားဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။
 
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမား(၂၁၂)ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ရွှေ(၄၂)ဆု၊ငွေ(၄၂)ဆု၊ကြေး(၄၂)ဆု စုစုပေါင်း(၁၂၆)ခုချီးမြှင့်သွားမည်ဖြစ်ပါသည်။
 
 

back to top Eng