skip to content

 

ဂန့်ဂေါ ၇ ဇူလိုင် 

 

ဂန့်ဂေါခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖလား အသက်(၁၇) မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ ၄ နာရီက ဂန့်ဂေါမြို့နယ်အသင်းနှင့် ဆောမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂန့်ဂေါမြို့နယ်အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

 

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်၊ ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းကို၊ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးတို့နှင့် တာဝန်ရှိသူများက ဆုဖလား၊ ဒုတိယဆု၊ နေရာအလိုက် အကောင်းဆုံးဆုများကို ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲသို့ ခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်များရှိ ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)


back to top Eng