skip to content

နေပြည်တော်၊ ဇူလိုင်လ (၁၂) ရက်။ 

ရုရှားနိုင်ငံ၊ စိန်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် IX International  Scientific  Congress "Sport, People & Health" ဆွေးနွေးခဲ့သည့် အချက်များနှင့် ညီလာခံဆုံးဖြတ်ချက်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်မှ ဝန်ကြီးရုံး(အားကစား)၊ အားကစားနှင့်ကာယပညာဦးစီးဌာန(နေပြည်တော်)တို့မှ အရာထမ်းများအား တွေ့ဆုံပြောကြားခြင်း အခမ်းအနားကို ယနေ့နေ့လည် (၂:ဝဝ) နာရီအချိန်တွင် အားကစားလေ့ကျင့်ရေးစခန်း Multi-Purpose Hall တွင် ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊  ဒုတိယညွှန်ကြား ရေးမှူးချုပ်များဖြစ်သော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

  

အစီအစဉ်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အမှာစကားပြောကြားရာတွင် အိုလံပစ် အားကစားနည်းများတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲ အကျပ် အတည်းဖြစ်စဉ်များနှင့် ၄င်းတို့အား ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်းများ၊ ခေတ်သစ်အားကစားနည်းများတွင် တားမြစ်ဆေးဝါးသုံးစွဲမှုပြဿနာအပေါ် ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ရန်လိုအပ်ကြောင်း၊ အားကစား လူမှု အဖွဲ့အစည်းများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးများ၊ တားမြစ်ဆေးသုံးစွဲမှုဆိုင်ရာ ပြဿနာများနှင့် တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးဆိုင်ရာ ပညာပေးအစီ အစဉ်များ၊ တားမြစ်ဆေးဝါးသုံးစွဲမှုအား တိုက်ဖျက်နိုင်ရန်အတွက် သတင်းမီဒီယာများနှင့် အသိပညာ ပေးနိုင်သော ပတ်ဝန်းကျင်၏ အခန်းကဏ္ဍခေါင်းစဉ် (၃)ခုဖြင့် ဆွေးနွေးခဲ့ကြပါကြောင်း၊ စာတမ်းတင်သွင်း ဖတ်ကြားသည့် ကဏ္ဍအတွက် အကြောင်းအရာခေါင်းစဉ် (၆)ခုဖြင့် ဆွေးနွေးခဲ့ကြပါကြောင်း၊ စာတမ်းဖတ်ပွဲတွင် “မြန်မာ့ အားကစားနယ်ပယ်တွင် တားမြစ်ဆေးဝါးသုံးစွဲမှုအား တိုက်ဖျက်ခြင်း (Fight against Doping in Sport in Myanmar)”နှင့် ပတ်သက်၍ စာတမ်းဖတ်ကြားခဲ့ပါကြောင်း၊ “တားမြစ်ဆေးဝါးသုံးစွဲခြင်းနှင့် တားမြစ် ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးဥပဒေအား ချိုးဖောက်ခြင်း” ဆိုင်ရာ ခေါင်းစဉ်ဖြင့် ကျင်းပသည့်စကားဝိုင်း ဆွေးနွေးပွဲတွင် အခြားပညာရှင် (၄)ဦးနှင့်အတူ ပါဝင်ဆွေးနွေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း တားမြစ်ဆေးဝါးသုံးစွဲမှုအား ဆန့်ကျင်သည့်နိုင်ငံ ဖြစ်သည့်အားလျော်စွာ တားမြစ်ဆေးဝါး သုံးစွဲမှုဆန့်ကျင် ရေးအတွက် ညီလာခံဆုံးဖြတ်ချက်များနှင့်အညီ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ အားကစားအဖွဲ့ချုပ်များ အားလုံးနှင့် လက်တွဲ၍ပူးပေါင်းလုပ် ဆောင်သွားရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအဖွဲ့အစည်း (Myanmar Anti Doping Organization) အား တရားဝင်အတည်ပြုဖွဲ့စည်းနိုင်ရေးအား ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားပြီးအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

 


back to top Eng