နေပြည်တော်၊ ဇူလိုင်လ (၁၂) ရက်။
စားရိပ်သာဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲနှင့် အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း(၁/၂ဝ၁၉)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်တွင် အားကစားလေ့ကျင့်ရေးစခန်း Multi-Purpose Hall တွင် ကျင်းပရာကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး များနှင့်တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာ စကားပြောကြားရာတွင် စားရိပ်သာတွင် တာဝန်ယူထားသော ဝန်ထမ်းများအနေဖြင့် အားကစားသမားအားလုံး ရွှေရရှိရန်အရေးကြီးသောကြောင့် မိမိ၏ရင်ဝယ်ပိုက်သား/သမီးများလို သဘောထားပြီး အရာရာကို ဂရုစိုက်ပေးစေချင်ပါကြောင်း၊ အရာရာကို နားလည်အောင် လေ့လာသင်ယူကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က သင်တန်းသားများကိုယ်စား အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ဦးညီညီလင်းနှင့် သင်တန်းသူများကိုယ်စား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ဒေါ်လှလှရီတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်း (၁/၂ဝ၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ခေတ်တွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာသည် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းတာဝန်ခံ ဦးရဲလွင်(ဒုတိယညွှန်ကြားရေးမှူး)က သင်တန်းနှင့် ပတ်သက်သည့် ကိစ္စများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်းတွင် ပထမဆုရရှိသော မောင်အောင်မြတ်ကိုကို(မန္တလေးတိုင်းဒေသကြီး)အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယဆုရရှိသော မမို့မို့စိမ်းကိုကို (ပဲခူးတိုင်းဒေသကြီး၊ရွှေကျင်မြို့နယ်) အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တတိယဆုရရှိသော မအိသဲခိုင် (အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ) များအား ဆုများပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒေါက်တာမြလေးစိန်က သင်တန်းနည်းပြများကို အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။
ယင်းနောက်သင်တန်းသား/သူများကိုယ်စား ပထမဆုရ သင်တန်းသား မောင်အောင်မြတ်ကိုကိုမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ယနေ့ကျင်းပသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်း (Intermediate Level 1/2019) သင်တန်းဆင်းပွဲကို (၁ဝ-၆-၂ဝ၁၉)ရက်နေ့မှ (၁၂-၇-၂ဝ၁၉)ရက်နေ့အထိ သင်တန်းသား/သူ အမျိုးသား (၁ဝ)ဦး၊ အမျိုးသမီး (၂ဝ)ဦး စုစုပေါင်း (၃ဝ) ဦးတက်ရောက်သင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။