မန္တလေး ၂၀ ဇူလိုင်
၂၀၁၈-၂၀၁၉ ပညာသင်နှစ် မန္တလေးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် မန္တလေးတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံသစ်၌ ကျင်းပရာ မန္တလေးတက္ကသိုလ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဘော်လီဘောဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
အမျိုးသားပွဲစဉ် ဗိုလ်လုပွဲတွင် ပထမဆုကို ဘူမိဗေဒအသင်းက ရရှိခဲ့ပြီး ဒုတိယဆုကို သတ္တဗေဒအသင်းက လည်းကောင်း၊ အမျိုးသမီးပွဲစဉ် ဗိုလ်လုပွဲတွင် ပထမဆုကို သတ္တဗေဒအသင်းက ရရှိခဲ့ပြီး ဒုတိယဆုကို သင်္ချာအသင်းက လည်းကောင်း အသီးသီးရရှိခဲ့ကြပြီး ဆုရအသင်းများကို တာဝန်ရှိသူများက တစ်ဦးချင်းဆုများ၊ ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
တင်မောင်(မန်း ကိုယ်ပွား)