Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
IWF Development Progrom 2019 Seminar and Workshop For Technical Officials ဖွင့်ပွဲအခမ်းအနားကျင်းပ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်
နေပြည်တော်၊ဇူလိုင်(၂၇)ရက်။
အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် IWF Development Progrom 2019 Seminar and Workshop For Technical Officials ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဂ္ဂါအေးနှင့်တာ၀န်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်(IWF) နည်းစနစ်နှင့်ဒိုင်ကော်မတီအဖွဲ့၀င် Miss SIRILAK Thatman၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ ဆွေးနွေးပွဲအဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ အလေးမအဖွဲ့ချုပ်အနေဖြင့် အလေးမအားကစားနည်းကို နိုင်ငံအသီးသီးတွင် ပိုမိုတိုးတက်စေသောရည်ရွယ်ချက်ဖြင့် ပံ့ပိုးကူညီပေးသော အစီအစဉ်အရဖွင့်လှစ်သည့်ကောင်းမွန်ပြီး အကျိုးရှိတဲ့ဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ပထမဆုံးအကြိမ်ဖွင့်လှစ်သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ အရည်အချင်းပြည့်၀တဲ့ ဒိုင်လူကြီးကောင်းများ၊ ပြိုင်ပွဲများတွင် မှန်ကန်တိကျစွာ တာ၀န်ထမ်းဆောင်နိုင်ဖို့နှင့် ပြည်ပပြိုင်ပွဲများတွင် ဒိုင်တာ၀န်ထမ်းဆောင်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ဖို့ လိုအပ်ပါကြောင်း၊ ဒိုင်တာ၀န်ထမ်းဆောင်မည့်သူများအနေဖြင့် အင်္ဂလိပ်ဘာသာစကား၊ ပြိုင်ပွဲကျင်းပရေးနည်းဥပဒေများကိုလည်း စဉ်ဆက်မပြတ်လေ့လာဖို့ လိုအပ်ပါကြောင်း၊ ဆွေးနွေးပွဲကာလအတွင်း သိရှိလိုသည့်အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်းမေးမြန်းပြီး အမြင်ချင်းဖလှယ်ပြီး အကျိုးကျေးဇူးရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဆွေးနွေးပွဲတက်ရောက်သည့်သူများအနေဖြင့် အရည်အချင်းပြည့်၀ပြီး သမာသမတ်ရှိသည့် ဒိုင်လူကြီးများဖြစ်လာစေရန် အထူးကြိုးစားလေ့လာကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ အလေးမအဖွဲ့ချုပ် (IWF)နည်းစနစ်နှင့် ဒိုင်ကော်မတီအဖွဲ့၀င် Miss SIRILAK Thatman မှ အဖွင့်နှုတ်ခွန်းဆက်ပြောကြားရာတွင် မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်သောကြောင့် စိတ်၀င်တစားနှင့်လေ့လာကြစေလိုကြောင်း၊ သင်တန်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှကူညီပေးခဲ့ကြသော တာ၀န်ရှိလူကြီးများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် IWF Development Progrom 2019 Seminar and Workshop For Technical Officials ဆွေးနွေးပွဲသို့တက်ရောက်လာသည့် သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်းမိတ်ဆက် ဂါရ၀ပြုခဲ့ကြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဂ္ဂါအေးနှင့်တာ၀န်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ် (IWF)နည်းစနစ်နှင့်ဒိုင်ကော်မတီအဖွဲ့၀င် Miss SIRILAK Thatman၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲကို (၂၇.၇.၂၀၁၉) ရက်နေ့မှ (၂၈.၇.၂၀၁၉) ရက်နေ့အထိ သင်တန်းသား (၃၂) ဦး၊ သင်တန်းသူ(၁၈) ဦး၊ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
4 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display