နေပြည်တော်၊ဇူလိုင်(၃၁)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော် လယ်ဝေးအားကစားကွင်း ဂျူဒိုခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးအေးကြည်နှင့် ဦးအောင်ဇော်ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ တက်ရောက် ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ယနေ့နံနက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(-၆၆)ကီလိုတန်း၊ အမျိုးသမီး(-၅၂)ကီလိုတန်း၊ အမျိုးသား (-၇၃)ကီလိုတန်း၊ အမျိုးသမီး(-၄၅)ကီလိုတန်း၊ အမျိုးသမီး (-၄၀)ကီလိုတန်း၊ အမျိုးသား (-၅၀)ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲ၀င်အသင်း(၁၄)သင်း၊ အမျိုးသားပြိုင်ပွဲ၀င်အသင်း (၁၄)သင်း၊ အမျိုးသမီးပြိုင်ပွဲ၀င်အသင်း (၁၄)သင်း၊ အမျိုးသားပြိုင်ပွဲ၀င်အားကစားဦးရေ (၈၇)ဦး၊ အမျိုးသမီးပြိုင်ပွဲအားကစားသမားဦးရေ (၇၆)ဦး၊ စုစုပေါင်းအားကစားသမားဦးရေ (၁၁၆)ဦး ၀င်ရောက်ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲကို (၃၁.၇.၂၀၁၉)ရက်နေ့မှ(၂.၈.၂၀၁၉)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကို စိတ်ပါ၀င်စားသူများ အနေဖြင့်နေပြည်တော်လယ်ဝေးအားကစားကွင်း ဂျူဒိုအားကစားခန်းမတွင် လာရောက် ကြည့်ရူနိုင်ပါကြောင်းသတင်းရရှိသည်။