Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား ရှမ်းပြည်နယ်အသင်းမှရရှိ
နေပြည်တော်၊ ဇူလိုင်(၂)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ပူးပေါင်းကာ ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉:ဝဝ)နာရီအချိန်မှစတင်၍ နေပြည်တော် လယ်ဝေးအားကစားကွင်း ဂျူဒိုခန်းမ၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အမျိုးသားလွှတ်တော်၊ ကျန်းမားရေး၊အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အမျိုးသမီး(-၄၈)ကီလို တန်းပြိုင်ပွဲယှဉ်ပြိုင်ကစားကြရာ ပြည့်စုံအောင်(မကွေး)မှ မြတ်ပန်းနွယ် (ကချင်)အားလည်းကောင်း၊ အမျိုးသား(-၅၅)ကီလိုတန်းပြိုင်ပွဲယှဉ်ပြိုင်ကစားကြရာ ထိုက်ထိုက်ကျော်(ကချင်)မှ ဇင်ကို(ရန်ကုန်)အားလည်းကောင်း၊ အမျိုးသား(-၁ဝဝ)ကီလိုတန်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားကြရာ ထွန်းလင်းအောင်(ရခိုင်)မှ မျိုးထွေးဦး(ရန်ကုန်)အားလည်းကောင်း အသီးသီးအနိုင်ရရှိသွားကြသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကိုဆက်လက် ကျင်းပပြုလုပ်ရာ အမျိုးသမီး(-၇ဝ)ကီလိုတန်းပြိုင် ပွဲတွင် ပထမဆုရရှိသော အေးသန္တာစိုး(ရှမ်း)၊ ဒုတိယဆုရရှိသော ရွှန်းလဲ့ဝေ(ကယား)၊ ပူးတွဲတတိယဆုရရှိသော ဆွေဆွေဆက်(ရန်ကုန်)နှင့် သောင်းဦးဝေ(မကွေး)တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမားရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးမိုင်းအုဏ်းခိုင်မှ လည်းကောင်း၊အမျိုးသမီး(-၇၈) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော နန်းဝါဝါမင်း(ရှမ်း)၊ ဒုတိယဆုရရှိသော ပိုးအိစံ(မွန်)၊ ပူးတွဲတတိယ ဆုရရှိသော စံပယ်ဖြိုး(မန္တလေး)နှင့် နန်းနွယ်နွယ်ခမ်း(ချင်း)တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမားရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးဝင်းဇော်မှလည်းကောင်း၊ အမျိုးသမီး (-၄၈)ကီလို တန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည့်စုံအောင်(မကွေး)၊ ဒုတိယဆုရရှိသော မြတ်ပန်းနွယ်(ကချင်)၊ ပူးတွဲ တတိယဆုရရှိသော ခင်ဖြိုးသွယ်(မန္တလေး)နှင့် မေဇင်သင်း(မွန်) တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးမန်းထွန်းကြိုင်မှလည်းကောင်း၊
ဆက်လက်၍ အမျိုးသား(-၅၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရှိသော
ထိုက်ထိုက်အောင်(ကချင်)၊ ဒုတိယဆုရရှိသော ဇင်ကို(ရန်ကုန်)၊ ပူးတွဲတတိယဆုရရှိသော တမ်ထန်(ချင်း)နှင့် ဒေါင်ခေါင်(ရှမ်း)တို့အား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဌေးအောင်မှလည်းကောင်း၊ အမျိုးသား(-၁ဝဝ)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ထွန်းလင်းအောင်(ရခိုင်)၊ ဒုတိယဆုရရှိသော မျိုးထွေးဦး(ရန်ကုန်)၊ ပူးတွဲတတိယဆု ရရှိသော ဇာနည်အောင်(တနင်္သာရီ)နှင့် ဗေဇေလ(ကချင်)တို့အား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်မှလည်းကောင်း၊
ဆက်လက်၍ (-၆ဝ)ကီလိုတန်းပြိုင်ပွဲတွင် အမျိုးသားအကောင်းဆုံးဆုရရှိသွားသော ပြည့်ဖြိုးအောင်(တနင်္သာရီ)၊ (-၅၂)ကီလိုတန်းပြိုင်ပွဲတွင် အမျိုးသမီးအကောင်းဆုံးဆုရရှိသွားသော အိအိဝင်း(မန္တလေး)တို့အား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းမှလည်းကောင်း၊
ဆက်လက်၍ ရွှေ(၂)ခု၊ ငွေ(၃)ခုဖြင့် အမျိုးသားတံခွန်စိုက် ဒိုင်းရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် နည်းပြချုပ် မစ္စတာအိုရှီးမားနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) နည်းပြချုပ် မစ္စတာဟီရသတို့အား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
ဆက်လက်၍ ရွှေ(၃)ခု၊ ကြေး(၁)ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရှမ်းပြည်နယ်အသင်း၊ ရွှေ(၅)ခု၊ ကြေး(၄)ခုဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရှမ်းပြည်နယ်အသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်းဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကာ ဆုပေးပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
6 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display