skip to content
 
နေပြည်တော်၊ သြဂုတ် (၇)ရက်။
 
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် SMM 3rd Asian '' Asia World Foundation ''Men's U-23  Volleyball Championship ပြိုင်ပွဲအား ယနေ့နံနက် (၁၁)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B) နှင့် (C)တို့၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိသည်။
 
ယနေ့ပွဲစဉ်များကို နိုင်ငံအလိုက်အဆင့်သတ်မှတ်ချက်များအနေဖြင့် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)နှင့်(C)တို့တွင် သြစတေးလျနှင့် တရုတ်(တိုင်ပေ)၊ ဂျပန်နှင့်တရုတ်၊ ပါကစ္စတန်နှင့်သီရိလင်္ကာ၊ အိန္ဒိယနှင့်ကာဇက်စတန်အသင်းတို့သည် နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက် (၁)မှ (၈)အတွင်း လည်းကောင်း၊ ထိုင်းနှင့်ဆော်ဒီအာရေးဘီးယား၊ မြန်မာနှင့်ကာတာ၊ ဘာရိန်းနှင့်တရုတ်(ဟောင်ကောင်)၊ ဗီယက်နမ်နှင့်နယူးဇီလန်အသင်းတို့သည် နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက် (၉)မှ (၁၆)အတွင်းလည်းကောင်း ယှဉ်ပြိုင်ကစားလျက်ရှိသည်။
 
 
ထို့နောက် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ယှဉ်ပြိုင်ကစားကြရာ  သြစတေးလျအသင်းနှင့်တရုတ်(တိုင်ပေ)အသင်းတို့ယှဉ်ပြိုင်ကစားကြရာ (၃၆-၃၈)မှတ်၊ (၂၃-၂၅)မှတ်၊ (၁၈-၂၅)မှတ်ဖြင့်လည်းကောင်း၊ ဂျပန်အသင်းနှင့်တရုတ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ(၂၅-၂၀)မှတ်၊ (၂၄-၂၆)မှတ်၊ (၂၅-၂၁)မှတ်၊ (၂၅-၁၉)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။ 
 
ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(C)၌  ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ဘာရိန်းအသင်းနှင့်တရုတ်(ဟောင်ကောင်)အသင်းတို့ယှဉ်ပြိုင်ကစားကြရာ (၂၅-၁၈)မှတ်၊ (၂၅-၁၉)မှတ်၊ (၂၃-၂၅)မှတ်၊ (၂၅-၁၇)မှတ်ဖြင့်လည်းကောင်း၊ ဗီယက်နမ်အသင်းနှင့်နယူးဇီလန်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ(၂၅-၁၉) မှတ်၊ (၂၀-၂၅) မှတ်၊ (၂၅-၂၁)မှတ်၊ (၂၅-၂၁)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိ သွားပါသည်။
 
 
ထို့နောက် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ထိုင်းအသင်းနှင့်ဆော်ဒီအာရေးဘီးယားအသင်း၊ မြန်မာအသင်းနှင့်ကာတာအသင်း၊၀ဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ပါကစ္စတန်အသင်းနှင့်သီရိလင်္ကာအသင်း၊ အိန္ဒိယအသင်းနှင့်ကာဇက်စတန်အသင်းတို့ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်းသိရှိရပါသည်။
 
အဆိုပါ SMM 3rd Asian '' Asia World Foundation ''Men's U-23  Volleyball Championship ပြိုင်ပွဲကို (၃.၈.၂၀၁၉)ရက်နေ့မှ (၁၁.၈.၂၀၁၉)ရက်နေ့ထိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ (B)နှင့်(C)တို့၌ နေ့စဉ်နံနက် (၁၁)နာရီအချိန်မှစတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘော်လီဘောအားကစားနည်းကိုစိတ်ပါ၀င်စားသူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။
 

back to top Eng