skip to content
 
နေပြည်တော်၊ သြဂုတ် (၁၀)ရက်။
 
မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် SMM 3rd Asian ''Asia World Foundation '' Men's U-23  Volleyball Championship  ပြိုင်ပွဲအား ယနေ့နံနက် (၁၁)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)နှင့်(C)တို့၌ ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိသည်။
 
ထို့နောက် ယနေ့ပွဲစဉ်များအဖြစ် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ နိုင်ငံအဆင့်သတ်မှတ်ချက် (၅)မှ (၈)အတွင်း တရုတ်အသင်းနှင့်သီရိလင်္ကာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ (၂၅-၂၁)မှတ်၊ (၂၅-၂၁)မှတ်၊(၂၃-၂၅)မှတ်၊ (၂၅-၂၃)မှတ်ဖြင့် လည်းကောင်း၊ ကာဇက်စတန်အသင်းနှင့်သြစတေးလျအသင်းတို့ယှဉ်ပြိုင်ကစားကြရာ(၂၅-၂၂)မှတ်၊ (၁၄-၂၅)မှတ်၊ (၂၅-၂၃)မှတ်၊ (၂၅-၂၂)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။ 
 
 
ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ နိုင်ငံအဆင့်သတ်မှတ်ချက် (၁၅)မှ (၁၆)အတွင်း  ဆော်ဒီအာရေးဘီးယားအသင်းနှင့်နယူးဇီလန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂၅-၁၄)မှတ်၊ (၂၅-၂၀)မှတ်၊ (၂၅-၂၀)မှတ်ဖြင့်လည်းကောင်း၊ နိုင်ငံအဆင့်သတ်မှတ်ချက် (၁၃)မှ (၁၄)အတွင်း  ကာတာအသင်းနှင့်ဟောင်ကောင်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ(၂၅-၁၆)မှတ်၊ (၂၄-၂၆)မှတ်၊ (၂၅-၂၂)မှတ်၊ (၂၅-၂၀)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ နိုင်ငံအဆင့်သတ်မှတ်ချက် (၁)မှ (၄)အတွင်း ဂျပန်အသင်းနှင့်တရုတ်(တိုင်ပေ)အသင်း၊ ပါကစ္စတန်အသင်းနှင့်အိန္ဒိယအသင်းတို့ အသီးသီးဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြသည်။
 
ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ နိုင်ငံအဆင့်သတ်မှတ်ချက် (၁၁)မှ (၁၂)အတွင်း ဘာရိန်းအသင်းနှင့်ထိုင်းအသင်း၊ နိုင်ငံအဆင့်သတ်မှတ်ချက် (၉)မှ (၁၀)အတွင်း မြန်မာအသင်းနှင့်ဗီယက်နမ်အသင်းတို့သည် အသီးသီးဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြသည်။
 
အဆိုပါ SMM 3rd Asian ''Asia World Foundation '' Men's U-23  Volleyball Championship ပြိုင်ပွဲကို (၁၁.၈.၂၀၁၉)ရက်နေ့တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ညနေ(၆)နာရီခွဲအချိန်တွင် ဗိုလ်လုပွဲပြိုင်ပွဲကို စတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘော်လီဘောအားကစားနည်းကို စိတ်ပါ၀င်စားသူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်းသတင်းရရှိသည်။
 

back to top Eng