Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
MYANMAR INTERNATIONAL SERIES-2019 ပြိုင်ပွဲကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန်၊ သြဂုတ်လ (၁၆) ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်းကာ မြန်မာနိုင်ငံ(ရန်ကုန်မြို့)၌ MYANMAR INTERNATIONAL SERIES-2019 ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မြန်မာတစ်ဝှမ်းလုံးမှာရှိတဲ့ လူငယ်များကြက်တောင် အားကစားနည်းကို ဒီထက်ပိုမိုစိတ်ပါ၀င်စားလာစေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံဂုဏ်ဆောင်နိုင်သော ကြက်တောင်အားကစားသမား မျိုးဆက်သစ်များပေါ်ထွက်လာစေရန်၊ နိုင်ငံတကာအတွေ့ အကြုံကောင်းများ မျက်၀ါး ထင်ထင်တွေ့မြင်နိုင်ပြီး နည်းနစ်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့ ကျင်းပပြုလုပ်သည့် MYANMAR INTERNATIONAL SERIES-2019ပြိုင်ပွဲကျင်းပ နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်(၂)နာရီက ရန်ကုန်မြို့ ၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးအေးလွင်နှင့် တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာဆပ်ကော်မတီ၀င်များ တက်ရောက်ကြသည်။
အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်မှ မိမိတို့ တာ၀န်ယူထားရသည့်ဆပ်ကော်မတီအသီးသီးမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး ပြိုင်ပွဲကြီး စလယ်ဆုံး အောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံပေါင်းစုံမှ လာရောက်ကြမည်ဖြစ်သည့်အတွက် ဆိုက်ရောက်ဗီဇာ အဆင်ပြေဆောင်ရွက်နိုင်ရေးနှင့်လုံခြုံရေးအစီအမံများ ကြိုတင်စီစဉ်ဆောင်ရွက်နိုင်ရေး၊ ပြိုင်ပွဲအားကစားရုံသို့ အချိန်မီရောက်ရှိနိုင်ရေးအတွက် ရှေ့ပြေးယာဉ်လမ်းကြောင်းရှင်းလင်းနိုင်စေရန်အတွက် စီစဉ် ဆောင်ရွက် နိုင်ရေးနှင့် ဆက်သွယ်ရေးအော်ပရေတာများ ထားရှိစေပြီး ပြိုင်ပွဲကာလအတွင်းနှင့် ပြိုင်ပွဲ၀င်ရောက်နေစဉ်အတွင်း အားကစားသမားများ၏ နေထိုင်၊ စားသောက်ရေးနှင့် ကျန်းမာရေးအဆုံး၊ ထိခိုက်ရှနာဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ လိုအပ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသွားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးÓဏ်လင်းမှ မြန်မာနိုင်ငံ တွင် အိမ်ရှင်အဖြစ်ကျင်းပတာဆိုရင် ယခုပြိုင်ပွဲနဲ့ဆို (၃)ကြိမ်ရှိပါကြောင်း၊ ယခုပြိုင်ပွဲသည် MYANMAR INTERNATIONAL SERIES-2019ကမ္ဘာ့အဆင့်သတ်မှတ်ရေး Open ပြိုင်ပွဲဖြစ်ပါကြောင်း၊ ပြိုင်ပွဲကို ကျုံးကြီးလမ်း အမျိုးသားကြက်တောင်အားကစားရုံ၌ စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး၊ ယခုအချိန်အထိ အသင်းပေါင်း(၁၂)သင်း စာရင်းပေးသွင်းထားပါကြောင်း၊ ပြိုင်ပွဲကို အတန်း(၅)တန်းတွင် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး(၂)ယောက်တွဲ ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး (၂)ယောက်တွဲပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့်လည်း နိုင်ငံတကာ ကမ္ဘာ့အဆင့်ပြိုင်ပွဲဖြစ်တာနဲ့အင်္ညီ အမျိုးသားကြက်တောင်အားကစားရုံကို အဆင့်မြင့်ပြင်ဆင်နေပါကြောင်း၊ အဖွဲ့ချုပ်အနေဖြင့်လည်း ဆက်လက်လုပ်ဆောင်ရမည့်ကိစ္စရပ်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ ဆပ်ကော်မတီ အသီးသီးမှ တာ၀န်ရှိပုဂ္ဂိုလ်များ က ယာဉ်အန္တရာယ် ကင်းရှင်းနိုင်ရေး၊ ပြည်၀င်ခွင့်ဗီဆာ အဆင်ပြေ ချောမွေစေရေး၊ ပြိုင်ပွဲသို့ လာရောက်ကြမည့် ပြိုင်ပွဲကျင်းပရေးမှ တာ၀န်ရှိပုဂ္ဂိုလ်များနှင့် အားကစားသမားများ သယ်ယူပို့ဆောင်ရေးလွယ်ကူအဆင်ပြေချောမွေစေရေးနှင့် ရုပ်/သံ ရိုက်ကူးထုတ်လုပ်နိုင်စေရေး၊ နေ့စဉ်ထုတ်သတင်းစာများတွင် ပြိုင်ပွဲ အနိုင်/အရှုံး သတင်းများ ထုတ်ပြန်ရေး၊ ကျန်းမာရေးနှင့်နေထိုင်စားသောက်ရေးကိစ္စရပ်များကို ကော်မတီအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများအား အသီးသီးတင်ပြကြသည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ လိုအပ်သည်များကို ပြန်လည်ဖြည့်စွက်ညှိနှိုင်းဆွေးနွေးတင်ပြပြီး ကြိုဆိုနေရာချထားရေးကော်မတီဥက္ကဋ္ဌ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးစိုးအောင်က သယ်ယူပို့ဆောင်ရေးနှင့် ကြိုဆိုနေရာချထားရေး တာ၀န်များကို ဌာနနှင့်ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းတင်ပြသည်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်မှ ယခုပြိုင်ပွဲသည် ကမ္ဘာ့အဆင့်သတ်မှတ်သည့် နိုင်ငံတကာဆီးရီးပြိုင်ပွဲဖြစ်တာကြောင့် ကြက်တောင်အားကစားနည်းများကို မြန်မာကြက်တောင် အားကစားသမားများ မျက်၀ါးထင်ထင်မြင်တွေ့ရမည့်အပြင် အဖိုးမဖြတ်နိုင်သည့်နည်းစနစ်ကောင်းများရရှိမှာဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲကြီး အောင်အောင်မြင်မြင်ကျင်းပသွားနိုင်ဖို့ကို ယခင့် ယခင် ကျင်းပပြီးခဲ့သည့် ပြိုင်ပွဲများ အတိုင်း အားလုံးဝိုင်း၀န်းကူညီဆောင်ရွက်စေလိုပါကြောင်းဖြင့် နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
11 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display