skip to content

 

ငဖဲ ၂၀ ဩဂုတ် 


မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ကျင်းပသော မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဌဖလား အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီ းပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်နန်းသီတာထွေး က ပြိုင်ပွဲကျင်းပ ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ ပြိုင်ပွဲတွင်လိုက်နာရမည့်စည်းကမ်းနှင့်အမှတ်ပေးနည်းစနစ်များကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။ ထို့နောက် နည်းစနစ်မှူးနှင့်တာဝန်ရှိသူများက အမျိုးသား၊အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပပြုလုပ် ပေးရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ ၁၀၃ ဦးက ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြသည်။

 


ပြိုင်ပွဲတွင် မီတာ ၂၀ဝ၊ မီတာ ၄၀ဝ၊မီတာ ၈၀ဝ အပြေးပြိုင်ခြင်း၊ သံလုံးပစ်၊သံပြားပစ်၊ လှံတံပစ်၊ အလျားခုန်ခြင်း၊ အမြင့်ခုန်ခြင်း စုစုပေါင်းပြိုင်ပွဲ (၈)မျိုး ယှဉ်ပြိုင်ကျင်းပပေးခဲ့ပြီး ပြိုင်ပွဲများအလိုက် ပထမ၊ဒုတိယ၊ တတိယ ဆုရရှိသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းနှင့် ပြိုင်ပွဲမှ ဆုရရှိသူများအားရွေးချယ်၍ မကွေးတိုင်းဒေသကြီး (၂၅)မြို့နယ် ဝန်ကြီးချုပ်ဖလားသို့ ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

 

မယု(ငဖဲ)


back to top Eng