skip to content
 

 

ပေါင်းတည် ဩဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် အားကစားကွင်းတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲ က မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပသည်။

ပြိုင်ပွဲသို့မြို့နယ်အတွင်းရှိ ရပ်ကွက် နှင့်ကျေးရွာအုပ်စုများမှ ဘောလုံးအသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ နောက်ဆုံးဗိုလ်လုပွဲတွင် ပေါက်တော အသင်းနှင့် အုပ်ဖို(၁/၂)အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ အုပ်ဖို (၁/၂)အသင်းက သုံးဂိုး- တစ်ဂိုး ဖြင့် အနိုင်ရပြီး ပထမဆုရရှိသွား သည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှမြင့်တို့က ပထမဒိုင်းဆု (ဝဲပုံ)နှင့် ဆုငွေကျပ် ငါးသိန်းနှင့် ရွှေဆုကလပ်များ၊ မြို့နယ် စီမံကိန်းဦးစီးမှူး ဦးရန်နိုင်မြင့်၊ မြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးမြင့်တို့က ဒုတိယဆု ငွေကျပ်သုံးသိန်း၊ ငွေဆုကလပ် များနှင့် တာဝန်ရှိများက တစ်ဦးချင်း နေရာအလိုက် အကောင်းဆုံးဆုရရှိသူ များကို ဆုကလပ်များဖြင့် ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ဗိုလ်လုပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် အားကစားမှူး ဒေါ်နီလာဝင်းနှင့် ဝန်ထမ်း များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ အားကစားဝါသနာရှင်များနှင့် ဒေသခံပြည်သူများ တစ်ခဲနက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

 

တင်ဝင်းဇော်(မင်းသားကြီး)

 


back to top Eng