skip to content

ရန်ကုန်၊ သြဂုတ်လ(၃၀)ရက်။         

၂၀၁၈-၂၀၁၉ခုနှစ်အတွင်းကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာအားကစားပြိုင်ပွဲများမှ ဆုတံဆိပ်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သော အားကစားအဖွဲ့ချုပ်များနှင့် အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နေ့လယ်(၁)နာရီက ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်နှင့် ဦးလှသိန်း၊ ဒေါပုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားမောင်/မယ်များ တက်ရောက်ကြသည်။

အစီအစဉ်အရ  ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးကိုယ်စား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အမှာစကားပြောကြားရာတွင် ၂၀၁၈ခုနှစ်အတွင်းကျင်းပခဲ့သည့် နိုင်ငံတကာအားကစားပြိုင်ပွဲများမှ အားကစားနည်း(၂၃)နည်း၊ အကြိမ်(၈၀)သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ်(၃၃)ခု၊ ငွေတံဆိပ်(၃၄)ခုနှစ်၊ ကြေးတံဆိပ်(၄၅)ခုဖြင့် စုစုပေါင်းဆုတံဆိပ် (၁၁၂)ခုကိုလည်းကောင်း၊  မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် နိုင်ငံတကာအားကစားပြိုင်ပွဲများမှ အားကစားနည်း(၁၁)နည်း၊ (၁၅)ကြိမ်ကျင်းပပြုလုပ်ခဲ့ရာတွင် ရွှေတံဆိပ်(၂၃)ခု၊ ငွေတံဆိပ်(၁၉)ခုနှင့်ကြေးတံဆိပ်(၂၄)ခုဖြင့် စုစုပေါင်း ဆုတံဆိပ်(၆၆)ခုကိုလည်းကောင်း၊ မြန်မာအားကစားသမားများမှ ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်ခဲ့သည့်အတွက် အဆိုပါအားကစားသမားများအား ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် နေပြည်တော်၌ ဂုဏ်ပြုဆုချီးမြှင့်ငွေ စုစုပေါင်းကျပ်(၁၉၈၄)သိန်းနှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌများကို ပြည်ထောင်စု၀န်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပထမအကြိမ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ခုနှစ်အတွင် နိုင်ငံတကာအားကစားပြိုင်ပွဲများမှ အားကစားနည်း(၁၉)နည်း၊ (၃၉)ကြိမ်နှင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲ၊ အာရှအဆင့်ပြိုင်ပွဲများမှ အားကစားနည်း(၅)နည်း၊ (၅)ကြိမ် ပြိုင်ပွဲစုစုပေါင်း (၄၄)ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၀၀)ခု၊ ငွေတံဆိပ် (၈၂)ခု၊ ကြေးတံဆိပ်(၁၂၉)ခုဖြင့် စုစုပေါင်းဆုတံဆိပ်(၃၁၁)ခုကို မြန်မာအားကစားသမားများမှ ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံဂုဏ်ကိုမြှင့်တင်နိုင်ခဲ့တာဖြစ်ပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ရာတွင် နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများအတွက် ဆုကြေးငွေအား ပါ၀င်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံအရည်အတွက် ပေါ်မူတည်၍ ခွဲခြားသတ်မှတ်ထားပြီး ဂုဏ်ပြုဆုငွေစုစုပေါင်း ငွေကျပ်(၂၅၆၁)သိန်းအား ဒုတိယအကြိမ် ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ဆက်လက်ပြီး (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲပြီးဆုံးပြီး နောက်ပိုင်းတွင်လည်း ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ပြည်ပနိုင်ငံများတွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့အဆင့်ပြိုင်ပွဲ၊ အာရှအဆင့်ပြိုင်ပွဲ၊ အရှေ့တောင်အာရှအဆင့်နှင့် ဖိတ်ခေါ်ပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပံ့ပိုး ပေးနိုင်ခဲ့ခြင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာအားကစား ပြိုင်ပွဲများအား အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ အုပ်ချုပ်/နည်းပြများနှင့် ပြိုင်ပွဲများ၌ ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် အားကစားသမားများအား အထူးပင်မှတ်တမ်းတင်ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ရာတွင် မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၂၀)ကြိမ်မြောက် အာဆီယံနှင့်အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲတွင် မြန်မာစစ်တုရင်အသင်းက ရွှေတံဆိပ်(၃၉)ခု၊ ငွေတံဆိပ်(၂၈)ခု၊ ကြေးတံဆိပ်(၅၆)ခုတို့အတွက် ဂုဏ်ပြုဆုငွေကျပ် (၆၉၈)သိန်းအားလည်းကောင်း၊ (၅)ကြိမ်မြောက်အရှေ့တောင်အာရှ ဗိုဗီနမ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အားကစားသမားများက ရွှေတံဆိပ်(၁၀)ခု၊ ငွေတံဆိပ်(၇)ခု၊ ကြေးတံဆိပ် (၁၃)ခုတို့အတွက် ဂုဏ်ပြုဆုငွေကျပ် (၁၇၄)သိန်းအားလည်းကောင်း၊ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၆)ကြိမ်မြောက်အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၁၀)ခု၊ ကြေးတံဆိပ်(၁၀)ခု တို့အတွက် ဂုဏ်ပြုဆုငွေကျပ် (၁၇၀)သိန်းအားလည်းကောင်း၊ ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၅)ခုတို့အတွက် ဂုဏ်ပြုဆုငွေကျပ် (၂၅၀)သိန်းအားလည်းကောင်း၊ ထိုင်းနိုင်ငံ၌အရှေ့တောင်အာရှသက်ငယ်တန်း နှင့် သက်ကြီးတန်း အနောက်တိုင်းလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှကနူးလှေလှော် ဖိတ်ခေါ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၅)ခုတို့အတွက် ဂုဏ်ပြု ဆုငွေကျပ် (၉၅)သိန်း တို့အားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းမှ ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က  ကမ္ဘာ့အဆင့်နှင့်နိုင်ငံတကာ စီးရီးကြက်တောင်ရိုက်ပြိုင်ပွဲ များတွင် ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၁)ခုရရှိခဲ့သော သက်ထားသူဇာအား စုစုပေါင်းဂုဏ်ပြု ဆုငွေကျပ်(၂၀၀)သိန်းအားလည်းကောင်း၊ အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား  သက်ငယ်တန်းအင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုတို့အတွက် ဂုဏ်ပြုဆုငွေကျပ် (၁၅)သိန်းအားလည်းကောင်း၊ (၈၁)ကြိမ်မြောက် စင်ကာပူအလွတ်တန်းဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲတွင်ရွှေတံဆိပ်(၆)ခု၊ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု တို့အတွက် ဂုဏ်ပြု ဆုငွေကျပ် (၂၂၀)သိန်းအားလည်းကောင်း၊ 2019 Special  Olympic World Games ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၂)ခု တို့အတွက် ဂုဏ်ပြုဆုငွေကျပ် (၁၄၀)သိန်းအားလည်းကောင်း၊ အထူးအိုလံပစ်အပြည်ပြည်ဆိုင်ရာဖိတ်ခေါ် (၅)ယောက်တစ်ဖက် ဘောလုံးပြိုင်ပွဲ ရွှေတံဆိပ်(၁)ခု ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းအားလည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်မှ  CAA Women's Golf Championship  USA 2019  ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခုအတွက် ဂုဏ်ပြုဆုငွေကျပ် (၂၀)သိန်းတို့အားလည်းကောင်း၊ (၂၀)ကြိမ်မြောက် အာရှအသက်(၂၁)နှစ်၊ (၃)ကြိမ်မြောက် အမျိုးသမီးစနူကာ နှင့် (၁၈)ကြိမ်မြောက် ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုတို့အတွက် ဂုဏ်ပြုဆုငွေကျပ် (၄၀)သိန်းအားလည်းကောင်း၊ Dream Program 2018  စကိတ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခု တို့အတွက် ဂုဏ်ပြု ဆုငွေကျပ် (၇)သိန်းအားလည်းကောင်း၊  Rayong Xgames 2019  စကိတ်ကလပ်အသင်းများဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၅)ခု တို့အတွက် ဂုဏ်ပြုဆုငွေကျပ်(၄၅)သိန်းအားလည်းကောင်း၊ 2018 South East Asian Amateur Golf Team  Championship (PUTRA CUP) ပြိုင်ပွဲတွင် ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၁)ခုတို့အတွက် ဂုဏ်ပြုဆုငွေကျပ်(၂၅)သိန်းတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းမှ စင်ကာပူဖိတ်ခေါ် အပြည်ပြည်ဆိုင်ရာ တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၃)ခုတို့အတွက် ဂုဏ်ပြုဆုငွေကျပ် (၃၅)သိန်းအားလည်းကောင်း၊ 18th Ture Visions International Junior Golf  Championship 2019 ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုတို့အတွက် ဂုဏ်ပြုဆုငွေကျပ် (၁၃)သိန်းအားလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု တို့အတွက် ဂုဏ်ပြု ဆုငွေကျပ် (၂၁)သိန်း အားလည်းကောင်း၊   Thailand Open  Track & Field 2019 ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၂)ခု တို့အတွက် ဂုဏ်ပြု ဆုငွေကျပ် (၃၆)သိန်း အားလည်းကောင်း၊ Thailand Open ကရာတေး ၂၀၁၉  ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ် (၁)ခုတို့အတွက် ဂုဏ်ပြုဆုငွေကျပ် (၈၀)သိန်းအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင် မှ 2019 SEA Games Qualification  Tournament In Singapore နပန်းပြိုင်ပွဲတွင်  ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခု တို့အတွက် ဂုဏ်ပြု ဆုငွေကျပ် (၁၈)သိန်းအားလည်းကောင်း (၁၁)ကြိမ်မြောက်အာဆီယံနိုင်ငံများ ကျောင်းသားအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုတို့အတွက် ဂုဏ်ပြုဆုငွေကျပ်(၄၀)သိန်းအားလည်းကောင်း၊ (၁၀)ကြိမ်မြောက်ကမ္ဘာ့ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု၊ ကြေးတံဆိပ် (၁)ခု တို့အတွက် ဂုဏ်ပြု ဆုငွေကျပ် (၅၀)သိန်း အားလည်းကောင်း၊    အသက်(၄၀)နှစ်နှင့်အထက်    ဖိတ်ခေါ်အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခုအတွက် ဂုဏ်ပြုဆုငွေကျပ်(၅)သိန်း၊ ၂၀၁၉ခုနှစ်၊ ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည်မြားပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခုအတွက် ဂုဏ်ပြုဆုငွေကျပ်(၂၀)သိန်းအားပေးအပ်ချီးမြှင့် ၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ  4th Women's Kartini Cup  ခရစ်ကက်ပြိုင်ပွဲတွင် ငွေတံဆိပ် (၁)ခုအတွက် ဂုဏ်ပြုဆုငွေကျပ်(၅)သိန်း၊ (၁၄)ကြိမ်မြောက်အာဆီယံတိုက်ကွမ်ဒိုချန်ပီယံရှစ်ပြိုင်ပွဲ ရွှေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၅)ခုတို့အတွက် ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်းအားလည်းကောင်း၊  ၂၀၁၉ခုနှစ် အာရှပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေတံဆိပ်(၂)ခုအတွက် ဂုဏ်ပြုဆုငွေကျပ်သိန်း(၄၀)၊ ၂၀၁၉ခုနှစ် မကာအိုအပြည်ပြည်ဆိုင်ရာ နဂါးလှေလှော်ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခုအတွက် ဂုဏ်ပြုဆုငွေကျပ်(၅)သိန်း၊ ဒုတိယအကြိမ် ၂၀၁၈ခုနှစ်၊ ရွှေလီ- မူဆယ် နိုင်ငံတကာမာရသွန်အပြေးပြိုင်ပွဲတွင် ကြေးတံဆိပ်( ၃)ခုအတွက် ဂုဏ်ပြုဆုငွေကျပ်(၆)သိန်းတို့အားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ 2nd EGAT's King Cup Senior International  Weightlifting Championships ပြိုင်ပွဲတွင် ကြေးတံဆိပ်(၅)ခုရ ဂုဏ်ပြုဆုငွေကျပ်(၁၅)သိန်း၊ ပထမအကြိမ်မလေးရှား ကမ္ဘာ့ဗက်ထရန် ဘတ်စကက်ဘောချန်ပီယံရှစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုအတွက် ဂုဏ်ပြုဆုငွေကျပ်(၂)သိန်း၊ 8th EAKF Karate Championship  ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုအတွက် ဂုဏ်ပြုဆုငွေကျပ်(၃)သိန်း၊ 3rd  Stage of Asian Snooker Tour ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုအတွက် ဂုဏ်ပြုဆုငွေကျပ် (၃)သိန်းတို့အားလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်မှ 25th South East Asian Junior & Cated Table Tennis Championships ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုအတွက် ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်း၊ 35th Asian Men, 7th Team & 8th 6-Red Snooker Championship 2nd IBSF World Cup Team Snooker  ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုအတွက် ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်း၊ 4th Eastern Asia Youth Chess Championships 2019 ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခု အတွက် ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်း တို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ယခုဒုတိယအကြိမ် ၌ ဂုဏ်ပြုဆုငွေကျပ် စုစုပေါင်း (၂၅၆၁)သိန်းတိတိချီးမြှင့်ပေးခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိအောင် စွမ်းဆောင်ပံ့ပိုးပေးခဲ့သည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုတံဆိပ်များကို တာ၀န်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများကိုယ်စား မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းမှ ကျေးဇူးတင်စကားပြောကြားပြီး ဆုရအားကစားသမားများကိုယ်စား ဘိလိယက်အားကစားသမား နေသွေးဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

 

 


back to top Eng